•Seven•

655 137 12
                                    

|UNICODE|

" အင်းပါ။ ကျွန်တော့်ကိုချည်း မှာမနေဘဲ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး။ အွန်း "


ဖုန်းချလိုက်သည်နှင့်တပြိုင်နက် သက်ပြင်းချသံကလည်း အနောက်မှ ကပ်လိုက်လာသည်။ လေပူတို့ကို မှုတ်ထုတ်လိုက်ရင်း စိတ်သက်သာလိုသက်သာငြား မျက်လုံးတို့ကို မှိတ်ထားမိသည်။



" နေများမကောင်းလို့လားမသိဘူး။ "



ဖုန်းထဲက အစ်ကို့အသံက အတော်လေး ဖျော့တော့နေသည်။ ဘာမှမဖြစ်ဘူးကြောင်း ဘူးခံငြင်းကာ တဖွဖွ ပြောနေသော်လည်း တစ်ခုခုဖြစ်နေမှန်း သိသာပါသည်။



ဂျယ်ဂျူ ဒိုကို ထွက်သွားတာ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဖြစ်သည်။ ညနေဘက်ကြီး ထွက်သွားတာ ဘာတစ်ခွန်းမှတောင် မပြောသွား။ ဒါတောင် မေမေတို့ ပြောမှသာ ဂျယ်ဂျူ ဒိုကို ထွက်သွားမှန်း သိရသည့်အဖြစ်။




စိတ်ဆိုးဆိုးဖြင့် ဖုန်းမဆက်ဘဲ ပစ်ထားမိတာ နှစ်ရက်။ နှစ်ရက်အတွင်း ဖုန်းဆက်လာလည်း မကိုင်ဘဲ ပစ်ထားပစ်လိုက်သည်။ သည်နေ့တော့ ပြောဆိုလုပ်မည်ဟု ကြုံးဝါးကာ ဖုန်းကိုင်လိုက်သော်လည်း တစ်ဖက်က အသံခပ်ပျော့ပျော့ကြောင့် စီထားတဲ့ စကားလုံးတွေက လည်ချောင်းထဲမှာတင် ပျောက်သွားရသည်။




" ဆူပုတ်နေတာ ကြည့်ပါဦး။ ပေါက်ထွက်တော့မဲ့ လေပူဖောင်းကြီးလိုပဲ။ "


အနောက်ပါးဆီမှ ရုတ်တရက် ထွက်လာသည့် အရွှန်းဖောက်သံက ဘယ်သူမှန်းသိနေတာမို့ နောက်ပြန်ကြည့်စရာမလိုပါ။ လောလောဆယ်တော့ မည်သည့်ဟာသကမှ သူ့ကို ရယ်လာအောင် လုပ်နိုင်မည်မဟုတ်။



" ငိုတော့မဲ့ရုပ်လေးနဲ့ ဘာဖြစ်နေတာတုန်း ? "


ဒါကတော့ ပိုပါသည်။ သည်လောက်လေးနဲ့ ငိုရအောင် ကလေးသေးသေး မဟုတ်ပါ။





" ရှေ့နေအီက ဝန်းလေးကို တော်တော်ချစ်တာပဲနော်။ ဟျောင်းတောင် အားကျမိတယ်။ အသက်လည်း မငယ်တော့ဘူးဆိုတော့ ဆေးပေးမီးယူလေး တစ်ယောက်လောက် ရှာထားမှ ဖြစ်တော့မယ်ထင်တယ်။ "



𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now