• UNICODE •
" စားလို့မကောင်းဘူးလား ? "
ပန်းကန်လုံးထဲက ထမင်းတစ်ဝက်တောင် မလျော့သေးဘဲ ဇွန်းကို ချလိုက်တာကြောင့် ဟီဆွန်း၏အမေက မေးတော့ ဂျောင်ဝန်း အားနာစွာနှင့်ပဲ ခေါင်းခါပြလိုက်သည်။
" မဟုတ်ပါဘူး၊ ဗိုက်သိပ်မဆာလို့ပါ။ "
" သန်းခေါင်ကျ ဆာရင် လာပြောလှည့်။ အဘွားကြီးတွေက ညဘက်ဆို သိပ်အိပ်ပျော်တာ မဟုတ်လို့ တံခါးခေါက်လိုက်တာနဲ့ နိုးတယ်။ "
" ဟုတ်ကဲ့ "
ထမင်းစားပွဲမှ ထသွားသည့်သူကို ဟီဆွန်း မကြည့်ဘဲ ထမင်းကိုသာ ဆက်တိုက် ငုံ့စားနေသည်။ မိဘဖြစ်သူနှစ်ယောက်ကတော့ ထူးထူးခြားခြား ငြိမ်နေသော သားဖြစ်သူကို စူးစမ်းကာ ကြည့်နေမိသည်။ ပုံမှန်ဆို ဂျောင်ဝန်း တစ်ခုခုဖြစ်တာနဲ့ ပျာယာခတ်နေတတ်တဲ့ သူ မဟုတ်လား။ ယခုတွင်တော့ ထမင်းစားပွဲမှ ထွက်သွားတာတောင် တစ်ချက် လှည့်မကြည့်ချေ ။ ရန်ဖြစ်ထားကြတာများလား။ ဂျောင်ဝန်းကတော့ အေးဆေးပါပဲ။
~°~
" ဘယ်သွားနေတာပါလိမ့်။ "
နာရီဝက်ကျော်လောက် ကြာတာတောင် အခန်းထဲသို့ ရောက်မလာသေးသည့် သူကြောင့် ဂျောင်ဝန်း အခန်းထဲမှ ထွက်လာလိုက်သည်။ စာကြည့်ခန်းမှာလည်း မတွေ့သလို ဧည့်ခန်းနဲ့ထမင်းစားခန်းမှာလည်း မရှိပေ။
အချိန်လည်း မစောတော့တာကို ဘယ်သွားတာပါလိမ့်။ မပြောမဆိုနဲ့ ထွက်သွားတာကြောင့် စိတ်ထဲ နေလို့သိပ်မကောင်းချင်သလို ဖြစ်သွားရသည်။ အမြဲတမ်း ဘာလုပ်လုပ် သူ့ကို အရင်ဆုံး ပြောပြတတ်တဲ့သူကြောင့် သူလည်း အကျင့်ပျက်ပြီး ဘာမဆို သိချင်နေမိတာထင်ပါရဲ့။ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရေခဲသေတ္တာထဲက ရေတစ်ဘူးကို ယူလိုက်သည်။ အိပ်မက်ဆိုးတွေ ထပ်မက်လို့ လန့်နိုးလာတဲ့အခါ အဆင်သင့်သောက်လို့ရအောင်လေ။
" ဂျောင်ဝန်း "
အခန်းဆီသို့ လျှောက်သွားနေတုန်း အနောက်မှ ထွက်လာသည့် အသံခပ်တိုးတိုး။ လှည့်မကြည့်လည်း သိနိုင်ပါသည်။ သူ့ရဲ့နှစ်ယောက်မရှိသော အသည်းနှလုံးကြီးပေါ့။
![](https://img.wattpad.com/cover/295007650-288-k681778.jpg)
YOU ARE READING
𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻
Fanfiction" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃