• UNICODE •
" မခေါ်ဘဲ ခဏခဏ ရောက်လာတာက တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာတော့ သိမယ်လို့ မျှော်လင့်မိပါတယ်။ "
" ဂျောင်ဝန်းက စကားတွေ တတ်လာလိုက်တာ။ "
ဂျောင်ဝန်း စိတ်ပျက်စွာနဲ့ပဲ သက်ပြင်းချလျက် သူ့အရှေ့၌ ရပ်နေသူကို စိတ်ရှုပ်တယ်ဆိုတဲ့ အကြည့်တွေ ဆက်တိုက်ပို့လွှတ်နေမိသည်။ ချိုင်းမှာ ညှပ်ထားတဲ့ ချိုင်းထောက်ကို မြင်တော့ စိတ်ထဲ၌ မကောင်းသလို ခံစားရပြန်သည်။
" အကူအညီလေး တစ်ခုလောက် တောင်းချင်လို့။ "
" ဘယ်လိုအဖြေရမလဲဆိုတာ သိပြီးသားမလား ? "
မေးလိုက်တော့ ခေါင်းညိတ်ပြလာတာကြောင့် ခပ်သော့သော့ ရယ်လိုက်ပြီး ...
" အဲ့တာနဲ့များ လာပြောနေသေးတယ်။ ပြန်ပါတော့။ "
" နောက်ဆုံးအနေနဲ့ပါ။ နောက်ဆုံးအနေနဲ့ တောင်းမဲ့အကူအညီမို့ နားထောင်ပြီးမှ လက်မခံချင်လည်း ရပါတယ်။ ဟျောင်း တောင်းဆိုတာပါ။ "
သနားစရာကောင်းတဲ့ အကြည့်တွေကို ဂျောင်ဝန်း မသနားတတ်အောင် နေလာတာကြာပြီ။ တချို့လူတွေက သနားလို့မဖြစ်ဘူးလေ။
--
" ကျွန်တော့်ကို သေချာရှင်းပြစမ်းပါ !! "
ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် မယုံကြည်နိုင်စွာဖြစ်သွားရသည့်အပြင် အသိစိတ်မလွတ်မိအောင် ထိန်းထားရသည်။ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့စကားလဲ။ အစ်ကိုက မျက်လုံးမမြင်ရတော့ဘူးတဲ့လား။ မဖြစ်နိုင်လိုက်တာ။
ထယ်ဟျောန်းဟျောင်းက ခုံပေါ်သို့ ခေါင်းခဏ လှန်လိုက်ပြီး ချက်ချင်း ကိုယ်ပြန်မတ်လာသည်။ မျက်ရည်တွေ ဝဲနေတယ်ထင်ရပေမဲ့ တကယ်တမ်းတော့ သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေကို မတွေ့ရပါ။
" ပြီးသွားတဲ့ကိစ္စတွေကို ပြန်ပြောရတာ ပင်ပန်းလိုက်တာ။ "
သူ့ဘာသာသူ ညည်းညူ ပြီး ဆက်ပြောသည်။
" ကွာရှင်းမဲ့နေ့ကို မှတ်မိတယ်မလား ? "
ဂျောင်ဝန်း ပြုံးမိသွားသည်။ မမှတ်မိစရာမှ မဟုတ်ပေဘဲ။ ဘဝမှာ သေရာပါအောင် အမှတ်ရသွားမဲ့နေ့တွေထဲက တစ်ရက်ပဲ မဟုတ်လား။
YOU ARE READING
𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻
Fanfiction" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃