• UNICODE •
" လူလိုနားမလည်ဘူးလား !! လူ မမြင်ရဘူးဆိုတိုင်း ဝတ္တရားနှောင့်ယှက်မှုနဲ့ အချုပ်ထဲ မရောက်ဘူးလို့ မမှတ်ထားနဲ့ ! တစ်ခါတည်း ပို့ပစ်မယ်။ "
အဆက်မပြတ် မြည်နေတဲ့ ဖုန်းသံကြာင့် သူ့ဒေါသက အထွတ်အထိပ်ဆီသို့ ရောက်နေရပြီ။ ကိုင်လိုက်ပြီး ဟိုဘက်က ဘာမှမပြောခင် သူ့ဘက်က ဦးစွာ အော်ငေါက်နေသော်လည်း ဒေါသက မသေနိုင်သေး။ အပူကြောင့် ဝမ်းနည်းနေရင်းနဲ့မှ ဒေါသတို့ပါ ရောပြွန်းလာတာမို့ ထိန်းချုပ်ထားသမျှ မျက်ရည်တို့သည် အပြင်သို့ ခုန်ထွက်လျှံကျလာ၏။
" ငိုလိုက်ပါလား၊ ဘာဖြစ်နေလဲ မသိပေမဲ့ စိတ်ပေါ့သွားအောင် အကျယ်ကြီး အော်ငိုချပစ်လိုက်တာ ကောင်းမယ်ထင်တယ်။ "
သည်လောက် အအော်ခံ၊ အပြောခံနေရတာတောင် အသံတစ်ချက်မပျက်သွားသည့် ဖုန်းသရဲအား ဂျောင်ဝန်း အံ့သြချင်မိသည်။ တစ်ဆက်တည်းမှာတင် ငိုချခိုင်းနေသည့် ထိုသူ့ကို အသံမာမာနဲ့ပဲ အော်ချလိုက်မိပြန်ပါသည်။
" နောက်တစ်ခါ ဖုန်းလာမဆက်နဲ့တော့ !!! ခင်ဗျားကို ရဲတိုင်ပစ်မယ် !! "
" ဘဝက တစ်သမတ်တည်း သွားမနေဘူး။ ပျော်ရတဲ့အခါမျိုးတွေမှာ စိတ်ကြိုက်ပျော်နိုင်သလို၊ ဝမ်းနည်းတဲ့အချိန်တွေမှာလည်း သတ္တိရှိရှိနဲ့ ကျော်ဖြတ်နိုင်ရမယ်။ လောကဓံဆိုတာ ဒါပဲလေ။ ဒီလောက်တော့ ကျော်ဖြတ်နိုင်ရမှာပေါ့။ မြိုသိပ်မထားဘဲ သောင်းကျန်းပစ်လိုက်လို့ရတယ်။ ဒါ လူအခွင့်အရင်းပဲ။ "
" ခင်ဗျားနဲ့ဘာဆိုင်လဲ ? ခင်ဗျား ဘာသိလို့ ဒီစကားတွေ လာပြောနေရတာလဲ ? "
ဘာမှမဆိုင်ဘဲ ဆရာကြီး လာလုပ်နေသည်။ သူ့အသံက အစောကလောက် မာမာထန်ထန် မဟုတ်တော့။ ဒေါသထွက်နေတုန်းပေမဲ့ တစ်ဖက်လူ၏လေသံအေးအေးက သူ့စိတ်ကို အနည်းငယ် ငြိမ်စေတယ်ဆိုတာကိုတော့ လက်မခံချင်ဘဲ လက်ခံရလိမ့်မည်။ တစ်ဖက်က ထွက်လာသည့် ရယ်သံက ခပ်ယဲ့ယဲ့။ ကြာလာလေ လူကောင်းနဲ့တူလာသလိုလို။
" လူသားအချင်းချင်း နှစ်သိမ့်ပေးတာကတော့ နှာဘူးလုပ်ရပ် မဟုတ်ဘူးမလား ? "
YOU ARE READING
𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻
Fanfiction" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃