•Two•

907 161 48
                                    

UNICODE


" ဟင့်အင်း ! မထားခဲ့ပါနဲ့။ မထားခဲ့ပါနဲ့။ တောင်းပန်ပါတယ်။ ! "

" ဂျောင်ဝန်း ! ဂျောင်ဝန်း ! "

ပခုံးကို အကြမ်းပတမ်း လှုပ်ရမ်းလာမှုကြောင့် ခပ်တင်းတင်း ပိတ်ထားမိတဲ့ မျက်လုံးတွေက ဖြည်းဖြည်းချင်း ပွင့်လာပြီး သတိကပ်လာတော့သည်။ လုံးဝ နိုးလာပြီဆိုတာ သေချာမှ ဟီဆွန်း သက်ပြင်းချနိုင်တော့သည်။

" အစ်ကို ! "

ရေဘူး ပေးလိုက်ပေမဲ့ မယူဘဲ သူ့ကို တင်းကြပ်နေအောင် ဖက်လာတဲ့ ကောင်လေး။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေနဲ့။ အိပ်မက်ဆိုးတွေက မကောင်းလိုက်တာ။

" ဘာမှမဖြစ်ဘူးနော်။ ကိုယ်တစ်ယောက်လုံးရှိတယ်။ "

ကျောပြင်ကျယ်လေးကို ဖွဖွလေး ပုတ်ပေးတော့ ခေါင်းညိတ်ပြလာသည်ကို မမြင်ရပေမဲ့ ခံစားမိသည်။ စကားတောင် မပြောချင်တော့တဲ့ ကောင်လေးရဲ့အိပ်မက်ဆိုးတွေက ဘာတွေများမို့လို့လဲ။ မမက်တာ ကြာပြီကို ခုနောက်ပိုင်း ထပ်ပြီး နှောင့်ယှက်ကြပြန်ပြီထင်၏။ ဘာအိပ်မက်တွေလဲလို့ မေးလိုက်ရင်လည်း သည်အတိုင်း အိပ်မက်ဆိုးတွေပါလို့ ပြန်ဖြေလာမြဲဖြစ်သည့်သူကြောင့် မမေးဖြစ်တော့ပေမဲ့ ဆိုးရွားလွန်းတဲ့ အိပ်မက်တွေဆိုတောတော့ သေချာသည်။

" ကျွန်တော့်ကို ဘယ်တော့မှထားမသွားရဘူးနော်။ ကျွန်တော်ကြောက်တယ်။ "

" ဘာလို့ထားသွားရမှာလဲ။ ကဲပါ ... ပြန်အိပ်ကြရအောင်နော်။ ကိုယ်ချော့သိပ်ပေးမယ်။ "

" ထားမသွားဘူးမှတ်လား။ ကတိပေးနော်။ "

" ကယ် ... ကတိအကြီးကြီးပေးတယ် ဟုတ်ပြီလား။ အိပ်တော့နော်။ ညကလည်း ညဉ့်နက်မှ အိပ်ထားရတာကို။ အိပ်ရေးမဝရင် ခေါင်းကိုက်လိမ့်မယ်။ "

ကလေးတစ်ယောက်လိုမျိုး ဂျီကျနေတာကြောင့် လေသံမာမာဖြင့် အတင်းအိပ်ခိုင်းတော့မှပဲ မျက်လုံးမှိတ်လေတော့သည်။ ခဏနေတော့ နှာတရှုံ့ရှုံ့လုပ်ရင်း ရင်ဘတ်ထဲကို တိုးဝှေ့လာ၏။ အလိုက်တသိနဲ့ ဆံပင်လေးတွေကို ထိုးဖွပေးလိုက်တော့ ခါးကို ရစ်နွယ်ထားတဲ့ လက်တွေက ပိုတင်းကြပ်လာသယောင်။ ဟီဆွန်းလည်း ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။ သူ့ရင်ခွင်ထဲမှာမို့ အိပ်မက်ဆိုးတွေရန်ကနေ ကင်းဝေးပါစေ ဂျောင်ဝန်းငယ်။

𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Tahanan ng mga kuwento. Tumuklas ngayon