• UNICODE •
" မြန်လိုက်ကြတာနော် "
" ဒါက မြန်တယ်တဲ့လား ကိုယ်တော်ချောရယ်။ တစ်နှစ်တောင် ကြာပြီလေ။ "
" ပြီးတော့ ငါတို့က မတွဲခင်ကတည်းက ချစ်နေခဲ့ကြတာ။ တစ်နှစ်တောင် တော်တော်လွန်နေပြီကွ။ "
ထယ်ဟျောန်း၏ခပ်စွာစွာ စကားကြောင့် မျက်မှောင်ကြုတ်ပြီး နှာမှုတ်ပြလာတဲ့ ဂျောင်ဝန်း။ သူတို့နှစ်ယောက်ကို ကြည့်ပြီး ခါအီကတော့ ရယ်သာရယ်နေ၏။ သူ့လက်တွေကို မလွှတ်စတမ်း ဆုပ်ကိုင်ထားတဲ့ ထယ်ဟျောန်းသည် လက်ထပ်ခွင့် တောင်းခံရတဲ့ နေ့ကတည်းက ပြုံးနေတော့တာ ယနေ့အထိ။
" အဲ့လောက်တောင် ပျော်နေတာလား ? ဒါတောင် လက်ထပ်ရမဲ့နေ့ မရောက်သေးဘူးနော်။ "
" ချစ်ရတဲ့သူနဲ့ နှစ်ယောက်တစ်ဘဝ ဖြစ်ရတော့မှာပါလားဆိုတဲ့ အတွေးက ရူးလောက်အောင် ပျော်စရာကောင်းတယ် ဂျောင်ဝန်းရ။ မင်းလည်း ခံစားဖူးတယ်မလား။ "
" ထယ်ဟျောန်း "
ခါအီ့၏လေသံပျော့ပျော့ကြောင့် ထယ်ဟျောန်းလည်း အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိပြီး၊ ငြိမ်နေတဲ့သူကို တောင်းပန်သည့် မျက်လုံးတွေဖြင့် ကြည့်လိုက်မိသည်။ သတိလက်လွတ်ဖြစ်ကာ မရည်ရွယ်ဘဲ ပြောလိုက်မိတဲ့ စကားက ဂျောင်ဝန်းအတွက် ဘယ်လောက်တောင် ဝမ်းနည်းသွားလိမ့်မလဲ။
" ရပါတယ်၊ ဒါဆို ကျွန်တော် အလုပ်ထဲ အရင် ပြန်ဝင်လိုက်ဦးမယ်။ ဟျောင်းတို့ အလွမ်းသယ်လိုက်ကြပါဦး။ မတွေ့ရတာ တစ်မနက်တောင် ရှိသွားပြီ မဟုတ်လား။ "
" ထယ်ဟျောန်းကလည်းကွာ၊ ကိုယ် အတန်တန် သတိပေးထားရဲ့သားနဲ့။ "
" ငါက သတိလက်လွတ်ဖြစ်သွားလို့ပါ ဟျူ ခါရာ။ ငါ့ကို ဆူမယ်ဆိုတာချည်းပဲ။ "
တိုးတိုးတိတ်တိတ် ပြောနေကြတဲ့ စကားတွေက သူ့နားထဲ တိုးဝင်လာသော်လည်း၊ ဂျောင်ဝန်းသည် မကြားသလိုလုပ်ကာ ခပ်မြန်မြန် ထွက်လာလိုက်သည်။
ထွက်သွားတဲ့သူက ထွက်သွားတာ နှစ်,နှစ်။ ထားခဲ့ခံရသူက နေသားမကျသေးပေမဲ့လည်း နေတတ်လာအောင် ကြိုးစားလာနိုင်ပြီ။
ESTÁS LEYENDO
𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻
Fanfic" 𝖧𝗂, 𝖨'𝗆 𝗒𝗈𝗎𝗋 𝖴𝗇𝗄𝗇𝗈𝗐𝗇 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃