•One•

1K 177 45
                                    

UNICODE

" အဆင်မပြေတာတွေရှိနေလို့လား ? "

" ဟင်- ဟင့်အင်း၊ ပြေပါတယ်။ "

အရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေတတ်တဲ့ ဟီဆွန်းက ဂျောင်ဝန်း ဘာဖြစ်နေမှန်းမသိပေမဲ့ တစ်ခုခုဖြစ်နေမှန်းတော့ သေချာပေါက်သိသည်။ ကောင်းတဲ့အရာမဟုတ်မှန်းလည်း ရိပ်မိသည်။ သို့သော် ထုတ်မပြတတ်တဲ့ ဂျောင်ဝန်းက တုပ်တုပ်တောင်မလှုပ်။ မေးလိုက်တိုင်းလည်း ခေါင်းခါမြဲ။

အဘက်ဘက်မှာ ထက်မြက်တဲ့ ဂျောင်ဝန်း၏လိုအပ်ချက်က အဲ့တာပဲ။ မပွင့်လင်းဘူးဆိုတာထက် သူ့အပူတွေကို ဘယ်သူ့ကိုမှ မဝေမျှတတ်တာ။ လူဆိုတာ အဲ့လောက်ထိလည်း ရင့်ကျက်နေဖို့ မလိုတဲ့အကြောင်း၊ ရင်ဖွင့်စရာရှိပါက ရင်ဖွင့်သင့်ကြောင်း ဟီဆွန်းဘယ်လောက်ပြောပြော ဒုံရင်းက ဒုံရင်းပါပဲ။

" ဒီတစ်ခေါက် Clientက ဘာအမှုလဲ အစ်ကို ? "

မျက်မှောင်ကြုံ့ကာ စိုက်ကြည့်နေသည့်သူကို စိတ်ပြောင်းစေရန် အလို့ဌာ ဂျောင်ဝန်းဘက်က စကားလမ်းကြောင်း လွှဲလိုက်သည်။

" ကွာရှင်းကြတာ။ ပုံမှန်တိုင်းဆို အဆင်ပြေပေမဲ့ အခုက ပြဿနာနည်းနည်းတက်နေတာ။ "

" ဘာဖြစ်လို့လဲ ? "

ဟီဆွန်းက သက်ပြင်းခပ်ယဲ့ယဲ့ချရင်း ဂျောင်ဝန်း၏ပခုံးပေါ်သို့ မှီချလိုက်သည်။ ပခုံးထက်သို့ ရောက်ရှိလာသော ဟီဆွန်း၏အနည်းငယ် ကောက်ကွေးနေသည့် အညိုရောင်ဆံနွယ်တို့ကို ဆော့ကစားလိုက်ရင်း ပြန်ဖြေလာမည့် အဖြေကို စောင့်ဆိုင်းနေမိသည်။

" အခု ကွာရှင်းဖို့ရောက်လာကြတာက အမျိုးသားနှစ်ဦး။ တရားဝင် လက်ထပ်ထားကြတဲ့ အမျိုးသားနှစ်ဦး။ "

အံ့သြစရာတော့မရှိ။ သူတို့နှစ်ယောက်ကလည်း လူသိရှင်ကြား လက်ထပ်ထားကြတာပဲ မဟုတ်လား။ နောက်ထပ် ပြောလာမည်တို့ကို ဆက်လက်၍ နားစွင့်နေလိုက်သည်။

" တစ်ယောက်က အသည်းအသန် ကွာရှင်းချင်နေပေမဲ့ နောက်တစ်ယောက်က လုံးဝ လက်မခံဘူး။ ကွာရှင်းချင်တဲ့သူကလည်း စိတ်ပိုင်းဖြတ်ပြီးထားတဲ့ပုံပဲ။ ဘယ်လိုနည်းနဲ့မှ ပြန်လက်ခံပေးမှာမဟုတ်လောက်ဘူး။ "

𝖴𝖭𝖪𝖭𝖮𝖶𝖭 𝖨𝗇𝗍𝗋𝗈𝗏𝖾𝗋𝗍 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now