တပြည်သား
Ep-0(ဝတ္ထုရှည်အဖြစ်အသက်သွင်း)
~~အာ့~~ဟာ~~~ဟင်း~~~~ဟင်း~~~အာ့~~~~ဟား~~~
မှောင်ရီလှသော ညခင်းတစ်ခု ၊လမင်းပင်ပျောက်နေသော ညတစ်ခု၌ လူငယ်တစ်ယောက်သည် အနောက်မှတစ်စုံတစ်ဦးလိုက်လာသည့်နှယ် အားသွန်ခွန်စိုက်ပြေးနေသည်။ ထိုလူငယ်၏ ဦးခေါင်းတွင် အရိုက်ခံရထားရပုံ သွေးနီနီများ စီးကျနေသည်။
"ဟိုကောင် ဒဂ်ါးလွန်းမောင် ဘယ်ရောက်သွားလဲ"
"ဒီဘက်က သချိုင်းဆိုတော့ ဟိုဘက်ရွာပြေးမယ်ထင်တယ် "
"လိုက်လိုက်!"
အာပေါင်အာရင်းသံသံဖြင့် ယောင်္ကျားလေး ၃ယောက်တို့သည် ဘစ်ဘော့ တုတ်ကိုကိုင်ကာ ရွာထဲပြေးဝင်သွားကြသည်။
"အဲ့တာ ငါ့အစားထိုးမှာ မင်းမလုနဲ့"
"ဟင်း ဝွန်း ငါအရင်မြင်တာ ဖုတ်သရဲမ နင်လာမလုနဲ့ ခေါင်းတခြား ကိုယ်တခြားဖြစ်သွားမယ် ဘာမှတ်နေလဲ"
ဆံပင်စုတ်ဖွားဖုတ်သရဲနှင့် ကတုံးပြောင်ပြောင် မျက်လုံးပေါက်မှေးမှေး ပြိတ္တာ တစ်ကောင်တို့သည် မေ့မျောနေသော လူငယ်၏ ခန္ဓာကိုယ်ထဲဝင်ရန် လုနေကြသည်။
ထိုအရာကိုကြည့်နေသော ဖိုးထွေးသည် ဝင်မပါရန်စိတ်ကူးထားသော်လည်း မေ့မြောနေသော လူငယ်လေးမှာ လွန်ဆုံးရှိ ၁၉ပေါ့ အလွန်ငယ်သေးသဖြင့် သူဂရုဏာသက်မိသည်။
"ကျွန်တော် မြေပုံပေါ်မှာသေတာမို့ ကျွန်တော်ပိုင်တယ်"
လက်ဟန် ခြေဟန်ဖြင့် ပြလာသော ဖိုးထွေးကို ရန်သတ်နေသည့် ဖုတ်သရဲနှင့်ပြိတ္တာ တို့သည် လှည့်ကြည့်လာပြီး အားရပါးရ ရီကြလေသည်။ထိုနောက် မေ့မျောနေသော လူငယ်လေးထံသို့ ပြေးလာကြသည်မှာ လွှားခနဲပင် ထိုအရာကိုမြင်သော ဖိုးထွေးသည် ကောင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ မှောက်ချလိုက်သည်။
~~~~~ဖြောင်း~~~~ဖြီး~~~~~အား~~
"အား~~~~~"
အော်သံနက်နက်သည် သချိုင်းတစ်ခုလုံးကို လွှမ်းမိုးသွားပြီး သချိုင်းအဝင်ဝရှိ ညောင်ပင်မှ လင်းနို့သာမက ဇီးကွက်တို့ပင် အလန့်တကြားပျံပြေးကြလေသည်။
YOU ARE READING
တပြည်သား(တျပည္သား)