တပြည်သား
အပိုင်း-11(ပထမဦးစွာ စာဖတ်သူများနှင့်စောင့်ဆိုင်းပေးနေသော စာဖတ်သူများအား update အကြာကြီးစောင့်ခိုင်းစေမိတာ တောင်းပန်ပါတယ်ရှင့် ။ အခုနောက်ပိုင်းပြန်လည် upတော့မို့ စိတ်မကောက်ကြပါနဲ့နော်)
××××××××××××
ကောင်းကင်တစ်ခွင် နက်မှောင်နေသော်ငြား အာနန္ဒာဘုရားတွင် သပ္ပာယ်ထားသော မီးအရောင်မှာ တစ်ဝန်းဝန်းရှိလှပြီး အနီးနားရှိ စေတီပုထိုးပေါ်၌တို့ပင် အလင်းဖြန့်ကျက်လျက်ရှိသည်။
"ကိုဖိုးထွေး ဓမ္မရံကြီးဘုရားကိုကျော်ပြီးကြည့်ရတဲ့ အာနန္ဒရာ ဘုရားရဲ့ မြင်ကွင်းကို မောင် တော့ မေ့မယ်မထင်ဘူးဗျာ"
"ဟုတ်ပါ့ မောင်ရယ် ထွေးလဲအဲ့မြင်ကွင်းကွင်းကိုမေ့နိုင်မှာမဟုတ်ဘူး"
" နောက်လဲ မောင်နဲ့ အတူတူ လာကြည့်မယ်နော် ကိုဖိုးထွေး"
"ဒါပေါ့မောင်ရဲ့ ဒီလောက်လှပပြီးကျက်သရေရှိတဲ့ မြင်ကွင်းကို မောင်မပါဘဲ ထွေးတစ်ယောက်ထဲ ဘယ်ကြည့်ရက်ပါ့မလဲ"
"ဟာဗျာ"
လမ်းဘေးတွင်ချရပ်ထားသောကားအမိုးပေါ်တွင် ယောင်္ကျားလေးတစ်ယောက်သည် နောက်တစ်ယောက်၏ ရင်ခွင်ကိုမှီ၍ ရင်ထဲရှိ အနုအရွများအား တီးတိုးပြောနေကြသည်။
"ကိုဖိုးထွေးကိုလေ မောင်တော့ လက်လွတ်မခံနိုင်အောင် သိမ်းထားချင်မိပြီဗျာ"
"ဟောဗျာ မောင်ကတုံးလေး တို့ကတော့ပိုပြီဗျာ"
ရင်ခွင်ထဲရှိ အကောင်သေးသေးလေးသည် ရှက်ရွံသောမျက်နှာဖြင့် အရှက်သည်းစွာ ညည်းတွားလိုက်သည်။
"မပိုရပါဘူး ကိုဖိုးထွေးရာ ပိုတောင်ပိုနေသေးတာဗျ ...ကျွန်တော်ကလေ ကိုဖိုးထွေးသာမရှိရင်ေဟာ့ဒီပုဂံမြေကို နောက်တစ်ခါခြေချတော့မဟုတ်ဘူးသိလား"
" မောင် အစားကို ကုန်အောင်စားရတယ် စကားကို ကုန်အောင်မပြောရဘူးတဲ့ "
ဒင်္ဂါးလွန်းမောင်သည် ဖိုးထွေး အား ရင်ခွင်ထဲမှ ထုတ်ကာ မျက်နှာအား သူ့ဘက် လှည့်လိုက်လေသည်။
YOU ARE READING
တပြည်သား(တျပည္သား)