တပြည်သား
အပိုင်း-6ဒဂ်ါးမေးလိုက်သော မေးခွန်းအား ကြားဟန်
မတူ ကိုဖိုးထွေးသည် အိမ်ရှေ့အပေါက်ဝအားစူးစိုက်ကြည့်နေသည်။ ကိုဖိုးထွေးကြည့်သည့် နေရာကို ဒဂ်ါးလိုက်ကြည့်မိသည်။သို့သော် မည်သည့်အရာမှမတွေ့။'ကိုဖိုးထွေး.... ကိုဖိုးထွေး'
သရက်ပင်ပေါ်က တစ္ဆေ သည် အပင်ပေါ်က ဖိုးထွေးအား ညိုမဲနေသော မျက်ဝန်းဖြငိ့ကြည့်နေသည်။ ဒါ့အပြင် အပင်ပေါ်ကနေ လေးဖက်ထောက်ကာ တစ်လှမ်းချင်းဆင်းလာလေသည်။
(ရော်..ဒီတစ္ဆေနှယ် ပြုတ်ကျတော့မှာဘဲ ဖြေးဖြေးဆငိးမလာဘူး)
'ကိုဖိုးထွေးလို့....'
ဒဂ်ါး၏ အသံသြသြထွက်လာတော့မှ ဖိုးထွေးသည် သရက်ပင်ကိုကြည့်နေရာမှ အကြည့်လွဲ၍ ကြည့်လာသည်။
(.....)
'ဘယ်ကိုလိုက်ကြည့်နေတာလဲ ကျွန်တော်ပြောတာကြားရဲ့လား'
ထိုအခါ ဖိုးထွေးသည် ခေါင်းကိုအသာယမ်းကာ သူမသိလိုက်ဘူးဆိုသည့်အကြောင်း အမူအယာပြလေသည်။
'အေးတာဘဲ'
အိမ်ပေါ်ကိုတက်ရန် ပြင်နေသည် တစ္ဆေ ကြောင့် ဖိုးထွေးသည် ထိုင်နေရာမှ ထကာ.. ဒဂ်ါးရှေ့ကနေကာလိုက်သည်။ဒဂ်ါးကမူ... အထိတ်တလန့် ဖြစ်နေသည့် ဖိုးထွေးကိုကြည့်ကာ သူပါ လန့်ဖြန့်သွားသည်။
'ဘာ...ဘာ..ဖြစ်တာလဲ ကို...ဖိုး..ထွေး'
ဖိုးထွေး တစ်ခုခုဖြစ်နေတာကိုရိပ်မိသူပီပီ ဒဂ်ါး ၏ ဗီဇသည်ပေါ်လာခဲ့ချေသည်။ ပုဆိုးကို တင်းနေအောင် ကိုင်ထားကာ မျက်လုံးကိုစုံမှိတ်ထားလေသည်။
'အား.......'
ထိုတစ္ဆေသည် အိမ်ထဲဝင်ရန် ေခြတစ်ဖက်ချလိုက်သည်နှင့် အနောက်သို့ လှန်ကျကာ ခြေထောက်တွင် မီးလောင်နေသည်။ထိုအချင်းအရာကိုဖိုးထွေးသည် အံသြတကြီး ကြည့်နေသည်။ အိမ်စောင့်နတ်.. ရှိသည်လား။
....ကလင်.....ကလင်.....ကလင်....
'အမယ်လေး ဘုရား သိကြားငုတ်တုတ် ငုတ်တုတ်'
ဖိုးထွေးသည် တစ်စုံတစ်ရာတွေးတောနေရာမှ အော်သံနက်နက်ကြောင့် ဒဂ်ါးအားကြည့်မိသည်။ဒဂ်ါး၏ ဘေးစားပွဲပေါ်တွင်တင်ထားသော ဖုန်းမြည်နေခြင်းဖြစ်သည်။
YOU ARE READING
တပြည်သား(တျပည္သား)