တပြည်သား
အပိုင်း-3မေ့မြောနေသော ကောင်လေးသည် ညနေ မှောင်ရီသန်းခံနီးတွင် နိုးထကာ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။ အပင်ပေါ်ထိုင်နေသောဖိုးထေွးမှလွဲ မည်သူတစ်ဦးတစ်ယောက်မျှမရှိချေ။
ထိုသရဲကောင်လေးသည် ဒဂင်္ါးကိုမကြည့်ပါဘဲ ညာဘက်ရှိ လမ်းတစ်ခုကိုကြည့်နေသည်။ သူမျက်နှာသည်အနည်းငယ် ညှိုးနွမ်းနေပြီး အညိုအမဲများစွဲနေသည်။ ဒဂင်္ါးသည် ကြောက်တက်သော်လည်း ဖိုးထွေးကိုပထမ တစ်ခါလောက်ကြောက်စိတ်မဝင်ပေ။
"ဟိတ် သရဲလေး အသီးအတွက်ကျေးဇူး"
ထိုအခါ ဖိုးထွေးသည် ခေါင်းကိုအသာညိတ်ပြပြီး သူမျှော်နေကြ လမ်းတစ်ခုကိုသာ ပြန်ကြည့်နေသည်။တစ်စုံတစ်ရာကိုမျှော်နေသည့်နှယ်~~
"အခုက ဘယ်နေရာလဲ သချိင်္ုင်းဆိုတာတော့သိတယ် ဘယ်နေရာမှာလဲဟင်"
ဖိုးထွေးကို ထိတ်လန့်ဟန်သေချာစိုက်ကြည့်ကာ မရဲတရဲမေးလေသည်။ထိုအခါ ဖိုးထွေးသည်ဟိုဘက်လှည့်နေရာမှ ဆက်ခနဲ့ လှည့်ကြည့်လေသည်။
"ရတယ် ရတယ် သရဲလေးမဖြေချင်မဖြေနဲ့ရတယ် "
လက်တို့တဆက်ဆက်တုန်နေပြီး မြေကြီးသာ အကြည့်တွေပို့လိုက်သည်။မကြာခင်မှာဘဲ သစ်ရွက်ခြောက်အပေါ်နင်းသည့်ခြေသံကိုကြားလိုက်ရပြီး ခနကြာ ပျောက်သွားချေသည် ။ခြေသံပိုင်ရှင်ဖြစ်သည့်ဖိုးထွေးသည်အပင်ပေါ်ကဆင်းကာ ဒဂင်္ါး နှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး အုတ်ဂူ ဖြူဖြူတွင် မီးရှို့ထားသော ထင်းသားစဖြင့်~~
"မကြောက်ပါနဲ့ ညီလေး အကိုက ဘာမှမလုပ်ပါဘူး ဒါကြောင့်မကြောက်လန့်ပါနဲ့နော်"
လက်ရေးဝိုင်းဝိုင်းတို့သည်အရင်ကအတိုင်းမပြောင်းလဲပေ။ထိုအခါ ဒဂင်္ါးသည်စာကိုမြင်သည်နှင့် ဖိုးေထွးကိုထပ်မံလှည့်ကြည့်ပြန်သည်။
"တကယ်လဲကျေးဇူးပါ ကောင်လေး"
(အကို သေတုန်းက၂၇ အခု၆နှစ်ဆိုတော့ ၃၄နှစ်ရှိပြီ )
"အာ....."
ဖိုးထွေးသည် ခေါင်းညိတ်၍ထိုမီးသွေးထင်းချောင်းကိုပစ်ချပြီး အပင်ပေါ်ပြန်တက်ရန်ပြင်လေသည် ။
YOU ARE READING
တပြည်သား(တျပည္သား)