တပြည်သား
အပိုင်း-5ကားဝန်းအတွင်းဒုက္ခရောက်နေသူကား..ဒဂ်ါးလွန်းမောင်ပင်။ မိမိ၏ အဝတ်ထုတ်ကတစ်ဖက်..အဆောင်လွယ်အိတ်ထုတ်ကတစ်ဖက်. ထိုအပြင် ရုပ်သေးရုပ်ကို ကိုင်ကာ ကားနံပါတ်လိုက်ရှာနေပေတော့သည်။
(အာ.....)
ရုတ်တရပ် ရုပ်သေးရုပ်ထဲမှခုန်ထွက်လာသော ကိုဖိုးထွေးကြောင့် ဒဂ်ါး၏လှမ်းနေသောခြေလှမ်းများ တုန့်ကနဲရပ်တန့်သွားသည်။
'ဘာလို့လဲ ကိုဖိုးထွေး'
အဝါရောင် ရှပ်အကျီတွင် မီးကျွမ်းတဲ့အကွက်နှင့်အတူ လက်မောင်းလေးဟာလဲ မီးလောင်ခံထားရသည့် သဏ္ဍာန် ပေါ်နေသည်။ထိုအပြင် ကိုဖိုးထွေးသည် ထိုအနာအား ပူလောင်သည့်ဟန် ပွတ်ခါနေချေသည်။
'ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ '
ထိတ်ထိတ်ပြာပြာမေးလာသော ဒဂ်ါးသည် ပတ်ဝန်းကျင်အား ဂရုစိုက်ဟန်မရှိ မေးလာသည်။ ကားဝန်းအတွင်း လူများသည် ဒဂ်ါးအား 'ရူးနေတာလား' ဟူသောအကြည့်ဖြင့်ကြည့်လာသည်။
ဟုတ်လဲဟုတ်ပါသည်လေ အဝတ်အိတ်ကိုညာဘက်လက်ကဆွဲ ဘယ်ဘယ်လက်မောင်းတွင် အဆောင်ထုတ်ကိုလွယ်ထားကာ လက်ဖဝါးကမူ ရုပ်သေးရုပ်ကိုကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ ထိုအပြင် ရှပ်အကျီ အဖြူကို ပုဆိုးဖြင့်တွဲဝတ်ထားပြီး နေကာမျက်မှန်လဲတပ်ထားသေးသည်။ကတုံးဆံပင်ပေါက်ကို ရှက်သဖြင့် ကိုဝဏ္ဏပေးလိုက်သည့် ဆောင်းတွင်းဝတ် ဦးထုပ်ကို ဝတ်ဆင်ထားလေသည်။
အခုလဲ နေကာမျက်မှန်က နှာခေါင်းထိပ်ဖျားထိ ကျနေပြီး ကိုဖိုးထွေးအား မျက်မှန်ကနေ မျက်လုံးပြူးမျက်စံပြူးဖြငိ့မေးနေသော ဒဂ်ါးသည် လူအများအမြင်တွင် တစ်ယောက်ထဲစကားပြောနေသော ယဥ်ယဥ်လေးရူးနေသူ တစ်ဦးလိုပင်။
ကိုဖိုးထွေးသည် မျက်ရည်ဝဲလျက် အဆောက်ထုတ်အား လက်ညှိုးထိုးပြလေသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ် လက်မောင်းနှင့် အဆောင်အိတ်ထဲရှိ ပုတီး နှင့်ထိမိသောကြောင့် အပူလောင် သွားခြင်းဖြစ်သည်။
'ဒီအိတ်ကြောင့်လား '
ခေါင်းကိုဖြေးညင်းစွာညိတ်ပြလာသော ကိုဖိုးထွေးကြောင့် ဒဂ်ါး ဘာလုပ်ရမှန်းဖြစ်လာကာ...
YOU ARE READING
တပြည်သား(တျပည္သား)