တပြည်သား
Ep-10ဒဂင်္ါးသည် laptopတစ်လုံးဖြင့် ပုံများeditထိုင်လုပ်နေရာ ဖိုးထွေးကမူ ထိုပုံများအားသေချာလိုက်ကြည့်နေသည်။
"ဘာလဲ စိတ်ဝင်စားနေတာလား ကိုဖိုးထွေး"
( အင်း လှတယ်လေနော်....)
နှစ်ယောက်ထဲရှိနေချိန်...စာအုပ်ကိုအသုံးပြု၍သာ ရေးဖြစ်ကြပြီး ဒဂင်္ါးသည်လဲ အရင်ကလောက်မကြောက်တော့ပေ။သို့သော် ဖိုးထွေးတစ်ယောက်တွင်သာ....
"ဒါဘဲ လေ လှမှာပေါ့ ဓာတ်ပုံရိုက်တဲ့သူကတော်တာကိုဗျ"
ဒင်္ဂါးသည် ရီသံစွပ်၍ ပြောပြီး နဘေးရှိ ရေဘူးအားဖွင့်သောက်လိုက်သည်။ထိုအပြင် ညိုးငယ်နေသော ဖိုးထွေးကြောင့်...
"ဘာတွေစိတ်မကောင်းဖြစ် ကိုဖိုးထွေးကိုကျွန်တော်ရိုက်ပေးမှာပေါ့....အယ်"
ဒင်္ဂါး သည် တစ်စုံတစ်ရာကိုသတိရသွားဟန် စကားစကအားဖြတ်လိုက်သည်။
(ဘာလို့လဲ ဆက်ပြောပါညီလေးရ ဘာလဲ ဓာတ်ပုံထဲမပေါ်မှာကိုပူနေတာလား)
ကိုဖိုးထွေး၏ မျက်နှာကမူ အသက်မပါသောအပြုံးတစ်ခုကို ထုတ်ဖော်ပြထားပြီ ဒင်္ဂါးကမူ အားနာစိုးထိတ်သောအကြည့် ဖြင့် စိုက်ကြည့်နေသည်။
~~ဒေါက်~~~~ဒေါက်~~~~
တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည့် တံခါးခေါက်သံ~~~
"ဘယ်သူလဲ...."
အဆက်မပြတ်ထွက်ပေါ်လာသော တံခါးခေါက်သောကြောင့် ဒင်္ဂါးသည် ထိုင်နေရာမှထကာ တံခါးမအား သွားဖွင့်လေသည်။သို့သော် မည်သူမျှရှိမနေ။
"ဟင်....."
ထိုကြောင့် တံခါးပြန်ပိတ်ကာ ဒဂင်္ါးသည် အိမ်ထဲဘက်သို့ပြန်လျှောက်လာသည်။
~~~ဒေါက်~~~~~ဒေါက်~~~
ထပ်မံထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ဒင်္ဂါး ကြက်သည်းများထကာ လက်ဖျားတွေအေးစက်လာသည်။ နာရီကိုကြည့်မိသည့်အခါ ညနေ ၄း၃၀ကျော်ကျော်လေးပင်။
~~~ဒေါက်~~~~ဒေါက်~~~~
(ညီလေး တံခါးသွားမဖွင့်ဘူးလားဧည့်သည်ရောက်နေတယ်ထင်တယ်)
YOU ARE READING
တပြည်သား(တျပည္သား)