part-9(uni)

325 40 5
                                    

တပြည်သား
Ep-9

ရန်ကုန်ဆေးရုံကြီးအတွင်း ‌ဗျာများနေသော ဒဂ်ါးအား ဖိုးထွေးထိုင်၍ကြည့်နေသည်။ဟိုကောင်တာ သွားလိုက်ဒီကောင်တာသွားလိုက်ဖြင့်ပင်....

"ညီမလေး ဒေါက်တာ သျှင်းစက္ကကိုသိလားဟင် "

"ကျွန်မတို့ဆေးရုံမှ အဲ့လိုနာမည်နဲ့ဒေါက်တာမရှိဘူးရှင့် အကိုဆေးရုံမှားလာတာထင်တယ်"

"မမှားဘူး !မပြောလဲနေပေါ့"

‌ဘုတောတောကာ ထွက်လာသောဒဂ်ါးအား ကောင်တာရှိသူနာပြုမလေးသည် တိတ်တဆိတ်ကျိန်ဆဲလိုက်လေ‌တော့မည်။

(ဘာတဲ့လဲ ဘာတဲ့လဲ)

မျှော်လင့်တကြီး မေးလာသော ကိုဖိုးထွေးကိုကြည့်ကာ ဒဂင်္ါးအနေကျပ်လာတော့သည်။

"ခနလေးနော် ကိုဖိုးထွေး ကျွန်တော် အပေါ်ဆုံးထပ်သွားဖို့ကျန်သေးတယ် .."

မျှော်လင့်ချက် မဲ့သွားသော အကြည့်ဖြင့် ဒဂင်္ါးအားကြည့်နေသော ကိုဖိုးထွေး ကြောင့် စိတ်ထဲစနိုးစနှောက်ဖြစ်လာသည်။

"*ီးဘဲ ဟေ့ ငါ*ိုးမသား ဘယ်သွားသေနေလဲမသိဘူး "

ဒဂင်္ါးတစ်ယောက် ပျစ်ပျစ်နှစ်နှစ်ဆဲကာ အပေါ်ထပ်သို့ ဘောက်ဆတ်ဘောက်ဆတ်တက်သွားလေသည်။ ဒဂင်္ါး နောက်ကနေ ကုတ်ချောင်းကုတ်ချောင်းလိုက်လာသော ကိုဖိုးထွေး။

"ဟိတ်..ဆရာမ ဒီဆေးရုံမှာ သျှင်းစက္ကဆိုတဲ့အကောင်ရှိလား"

တော်တော်ဖြင့်မဖြေဘဲ ဒဂင်္ါးအားခြေစွန်း‌ေခါင်းစွန်းကြည့်နေသည်။ ကတုံးဆံပင်ပေါက်ကိုမှ ဝတ်ထားသည်မှာ လည်သာ အကျီအမဲ နှင့်ဂျင်းဘောင်းဘီ ဖင်ကြပ်ကို ဝတ်ဆင်ထားသည်။နားတွင်လဲ နားကပ်မျိုးစုံ တပ်ထားသည်။

"မေးနေတယ်လေ ဘာလဲကျုပ်ကိုကြွေသွားတာလား"

နှုတ်ခမ်းတစ်ခြမ်းရွဲ့ကာ ရီပြပြီး မျက်စိတစ်ဖက်မှိတ်ပြလေသည်။

"ရှင်ရူးနေလား ရှင်ပြောတဲ့လူနာမည်ကိုကြားဖူးသလိုရှိလို့ "

ချက်ချင်းဆိုသလို မျက်ဝန်းလေးလဲ့လာကာ
သူနာပြု အမ၏လက်အား ဆွဲကိုင်လေသည်။

တပြည်သား(တျပည္သား)Where stories live. Discover now