part-4(uni)

399 50 16
                                    


တပြည်သား
အပိုင်း(အပိုင်း4)

မြေပြင်ပေါ်ရှိလက်ရေးဝိုင်းဝိုင်းကို ကြည့်လိုက်..ဖိုးထွေးမျက်နှာကိုကြည့်လိုက်လုပ်နေသော ကောင်လေး၏မျက်နှာထက် အံသြမှုပေါင်းများစွာ။

'ဘယ်လို ကိုဖိုးထွေ ရန်ကုန်လိုက်ချင်တယ်ဟုတ်လား လာနောက်နေတာလား '

ဒဂ်ါးလွန်းမောင် ၏ အသံခပ်မာမာထွက်သွားသည်နှင့် ဖိုးထွေး၏မျက်ဝန်းတို့သည်မျက်ရည်ဝဲလာလေသည်။

ဖိုးထွေးကမူ ညာဘက်လက်သီးကိုဆုတ်၍ ဘယ်ဘက်လက်ကို အပေါ်ကနေဝိုင်းပြပြီး လက်သန်းကမူ နှစ်ပတ်လှည့်ပြသည်။ ပြောချင်သည့် အရာသည်ကား ...

(မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့် အကို ဖြစ်ချင်တာ ရန်ကုန်ရောက်ဖို့)

ထို hand sing languageကို ဒဂ်ါးသည်နားမလည်သူပီပီ ခေါင်းညိတ်ကာ..

'ကောင်းပြီ..ကိုဖိုးထွေးက အဲ့လိုပြောမှတော့ ကျုပ်ကနားမလည်သူပီပီ အရှက်မဲ့စွာထပ်ပြောပါရစေ... မြေပြင်မှာရေးပြပါလား ကျွန်တော်နားမလည်လို့'

ရုပ်တည်တည်ဖြင့်ပြောလာသော ဒဂ်ါးကြောင့် ဖိုးထွေးသည် ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြကာ မြေပြင်၌ရေးပြလေသည်။

'ဘာလို့လဲ အကို ရန်ကုန်ဘာလို့ရောက်ချင်ရတာလဲ '

(လူတစ်ယောက်ကို ရှာချင်လို့)

ဖိုးထွေးသည် ေမြပြင်ပေါ်မှာစာရေး ဒဂ်ါးကမူထိုစာကိုလိုက်ဖတ်ကာ..

'ဘယ်သူလဲဆိုတာ ကျွန်တော်မသိပေမယ့် အဲ့ဒီအစား အမျှတန်းဝေပေးရမလား။ ကိုဖိုးထွေး တောင်းဆိုတာကျွန်တော်အတွက်နည်းနည်း'

(ညီလေးအဆင်မပြေဘူးဆိုလဲရပါတယ် အကို ဘဝနဲ့အကိုရှိပါစေတော့)

ဖိုးထွေးသည် ထိုသို့ရေးပြကာ တုတ်ချောင်းကို မြေပြင်ပေါ်ပြန်ချပြီး ဒဂ်ါးအားကျောခိုင်းကာ ရွာသုဿာန်ဘက်သို့ခြေဦးပြန်လှည့်လေသည်။

မျက်ရည်တွေဝေ့လျက် ခေါင်းငိုက်စိုက်ကျသွားသော ကိုဖိုးထွေးကိုကြည့်၍ ဒဂ်ါးသည် စိတ်မလုံသလိုဖြစ်ကာ..

'ရန်....ရန်..ရန်ကုန်ကိုခေါ်သွားမယ်..ဒါပေမယ့် ခင်ဗျားရှာတဲ့လူကို သေချာပေါက်တွေ့မယ်လို့တော့ အာမမခံဘူးနော်'

တပြည်သား(တျပည္သား)Where stories live. Discover now