တပြည်သား
အပိုင်း-2ဒဂ်ါးသည်သွေးသံရွဲရွဲဖြင့် မည်သည်အရာကိုမျှမမြင်တော့ဘဲ အဖြူရောင် အုတ်ဂူဘေးတွင် လဲချလိုက်လေသည်။မျက်လုံးအစုံ မှိတ်ထားသော်လည်း သတိရှိနေသေးသည်။
"ဟား~~~ဟားး ငါရဲ့အစားထိုးလေး"
"တိတ်ဇမ်း ဖုတ်သရဲမ အဲ့တာ ငါအရင်မြင်တာ နင်လာမလုနဲ့ ခေါင်းတခြားကိုယ်တခြားဖြစ်သွားမယ် ဘာမှတ်နေလဲ"
တစ်ကိုယ်လုံးအမွှေးမျှင်ဖြင့်ဖုံးလွှမ်းနေပြီး မျက်လုံးနီနီဖြင့်ရီနေသော ဖုတ်သရဲအား အရပ်မှာမတရားရှည်ပြီး ကျိုင်းကောင်ပမာ လက်ပြင်ကုန်းကုန်း မျက်လုံးေမှးေမှး ကတုံးပုံသဏ္ဍာန်ရှိသောပြိတ္တာသည် လှမ်းအော်လိုက်ချေသည်။
ထို အပါယ်ဘုံသားနှစ်ယောက်သည် မည်သည့်အရာကိုလုနေကြသနည်း။အဘယ်ကြောင့်နည်း။ အဖြေကား ထိုလူငယ်၏ကိုယ်ထဲဝင်ကာ လူလောက၏ စားစရာများအား စားသောက်ရန်ဖြစ်သည်။
ထိုကဲ့သို့ ဖုတ်သရဲနှင့် ပြိတ္တာတို့လုနေသည်ကို ဖိုးထွေးသည်အပင်ပေါ်ကကြည့်နေပြီး ဝင်ပါရန်စိတ်ကူးမရှိ ။သို့သော် မေ့မြောနေသော ကောင်လေးမှာ လွန်ဆုံးအသက်သည်၁၉ရှိဟန်။
"ကျွန်တော်မြေပုံပေါ်သေတာ ကျွန်တော်ပိုင်တယ်"
လက်ဟန်ခြေဟန်ဖြင့် ပြောလာသော ဖိုးထွေးအား ထိုအပါယ်သားနှစ်ကောင်သည် လှည့်ကြည့်ကာ တစ်ဟားဟားအော်ရီကြလေသည်။
"နင်လို အအ ကများ ဟား ဟား သတ္တိရှိရင်တားလိုက်လေ"
ထိုအခါ အုတ်ဂူးတို့ကိုကျော်ကာ လွှားခနဲ လွှားခနဲ ပြေးလာသော ဖုတ်သရဲနှင့် ပြိတ္တာတို့ကို မြင်သောအခါ ဖိုးထွေးသည် ထိတ်လန့်သွားဟန် ထိုကောင်လေးအပေါ်မှအုပ်မိုးလိုက်သည်။
~~~~ဖြောင်း~~~~~ဖြီး~~~~~~အား~~~~~
"အား........."
အော်သံနက်နက်သည် သချိင်္ုင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး သချိုင်းအဝင်ဝရှိလင်းနို့သာမက ဇီးကွက်တို့ပင်အလန့်တကြားပျံကုန်ကြသည်။ခွေးအူသံသည် လဲ ကျယ်လောင်စွာမြည်ဟည်းလေသည်။
YOU ARE READING
တပြည်သား(တျပည္သား)