part-7(uni)

362 46 19
                                    

တပြည်သား
ep-7

'ကိုဖိုးထွေး ဝက်သားစားလား'

(.......)

'ပန်းဂေါ်ဖီစိမ်း ရော.... ကိုဖိုးထွေး'

(.....)

'အော် ကြက်ဥ.. ကြက်ဥ...'

(.....)

ဒဂ်ါးသည် ဆွဲခြင်းတောင်းကိုင်၍ တစ်ယောက်ထဲမေး တစ်ယောက်ထဲဖြေကာ ဆွဲခြင်းထဲအကုန်ပစ်ထည့်နေသည်။

'ရော် ခက်တယ် ခက်တယ် ကိုဖိုးထွေး စားချင်တာပြော လက်ထဲပိုက်ဆံရှိတုန်း မရှိတဲ့နေ့ကျရင် ရပ်ကွက်စျေးထဲဝယ်ရမှာ'

(အကို့ ကိုမပူပါနဲ့ ညီလေး အကိုကမစားလဲရတယ်)

လက်ဟန်ခြေဟန် နဲ့ပြောပြီးခေါင်းခါပြသဖြင့် ဒဂ်ါးမျက်မှောင်ကြုတ်သွားသည်။ ကျန်တာနားမလည်ပေမယ့် ခေါင်ခါတာတော့ နားလည်ပေသည်။

'ဒီမယ် ကိုဖိုးထွေး ခေါင်းတခါခါ လည်တခါခါနဲ့  အဲ့ဒီ လက်ဟန်ခြေဟန်ကပါသေး နားမလည်ဘူးဆိုနေ ပြီးတော့ အဲ့ အသီးအရွက်တန်းကနေ ထွက်လာခဲ့တော့'

အရွက်များအား အေးစေရန် ဖွင့်ထားသော အအေးပေးစက်ကို သဘောကျသည့်နှယ့်ဖိုးထွေးသည် အအေးပေးစက်ရသည် အရွက်တန်းတွင် မတ်တပ်ရပ်နေသည်။ သူသည် နာမ် ဖြစ်သည့်အတွက် အရွက်များအား မထိပေ။

အရွက်တန်းကို လက်ညှိုးထိုးကာ တစ်ယောက်ထဲပြောနေသော ဒဂ်ါးကို စျေးဝယ်သူများက ကွက်ကြည့် ကွက်ကြည့် ဖြင့်ကြည့်နေသည်။

မိမိ ပုခုံး အောက်အရပ်ဖြင့် ဘေးမှာလာရပ်သော ကိုဖိုးထွေးကိုကြည့်ကာ..

'တွေ့လား ခင်ဗျားကြောင့်ကျုပ်ကိုလူတွေကြည့်ကုန်ပြီ '

(ကိုယ်ကဘာမှမလုပ်ဘူးလေ ညီလေးဘာသာပြောနေပြီးတော့)

'လာပြန်ပြီ. . အဲ့ဘာသာစကား...'

ဆူပုတ်ပုတ် ဖြင့် ဖိုးထွေးကိုကြည့်ကာပြောနေသော ဒဂ်ါးသည် အတော်အခက်တွေ့နေပုံ...

'ဟေ့ ကောင်လေး မင်းကရူးနေတာလား'

'ဘာဗျ'

ဒဂ်ါးအနောက်ကထွက်လာသော အသံသြသြကွောငျ့ဒဂျါး လှည့်ကြည့်မိသည်။ အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ထားပြီး အရပ်ကလဲ ဒဂ်ါးထက်ရှည်ပေမည်။ ဆံပင်ကိုအပေါ်သို့ လှန်တင်ပြီး မျက်နှာသည်လဲ ယောကျာ်းဆန်လှသည်။

တပြည်သား(တျပည္သား)Where stories live. Discover now