တပြည်သား
Ep-12လူတွေတိုးဝှေ့လျက်ကြည့်ရသည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဘုတ်ပြားအရှေ့တွင် ဒင်္ဂါးလွန်းမောင်နဲ့အတူ စေရာလွင်တို့သည် အံ့ဩစွာ ကြောင်ရပ်နေကြသည်။
"ဟျောင့် တွေကြည့်ပြီးရင် နောက်ဆုတ်ကွာ ငါတို့ကြည့်ရအုံးမယ်"
အနောက်က ကျောင်းသားတစ်ယောက်၏အော်သံကြားမှ သတိပြန်ဝင်လာပြီး နှစ်ယောက်သားပြုံးစိစိဖြင့် လူကြားထဲမှ ထွကိလာသည်။
"ဟား ဟား ငါအောင်တယ် လွန်းမောငိရေ ငါအောင်တယ်ကွ"
"ဟား ဟား..အေး ငါပြောသားဘဲအဲ့နည်းကောင်းပါတယ်လို့ ...မင်းငါကိုမုန့်ဝယ်ကျွေးလိုက်တော့"
"အောင်မှာ မင်းကဂုဏ်ထူးသုံးဘာသာပါတာလေ မင်းကျွေးပါလား"
"သေလိုက်လေ မင်းကိုစာခိုးချနည်းဘယ်သူပေးတာလဲ"
"ရှူး!!! လူတွေကြားကုန်မယ်"
သူငယ်ချင်းနှစ်ယောက်သည် အောင်စာရင်း၌ အောင်လာပါသော်လည်းနှစ်ယောက်လုံးစာရ၍မဟုတ်ပေ။ ပေတံ၌ ထောက်ချွန်ဖြင့်ရေး၍သော်လည်းကောင်း ၊ ပေါင်မှာရေးသွားပြီး အိမ်သာထဲခိုးကြည့်၍သော်လည်းကောင်း ၄၀ကွက်တိဖြငိ့အောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား ဒင်္ဂါးကမူ မြန်မာ ၊ ဓါတု၊ သင်္ချာ သုံးဘာသာ တော့ တမူထူးခြားတော်လွန်းပါသည်။ စာမေးပွဲ အတွင်းတွင်လဲ အင်္ဂလိပ်ကို အရှေ့ခုံနံပါတ် ရှိ လူထံမှ ကူးချခဲ့ပေသည်။ မပြလျှင် ကျောင်းအနောက်ဘက်၌ မြုပ်ပစ်မည်ဟု ခနခနခြိမ်းခြောက်တက်သေးသည်။
"အမေ ရေ အမေ...အမေ...."
"ကိုကြီး အမေ အပေါ်ထပ်မှာ...."
၈တန်းအရွယ်သာရှိသေးသော ဒင်္ဂါးရှင်းမေသည် မျက်နှာငယ်ဖြင့် အပေါ်ထပ်သို့ညွှန်ပြလေသည်။
"ဘာဖြစ်နေတာလဲ ရှင်းမေ နင့်မျက်နှာက "
ဘာမှမပြောဘဲ ခေါင်းငုံ့နေသော ရှင်းမေကြောင့် ဒင်္ဂါးသည် နှုတ်ခမ်းတချက်တွန့်သွားကာ နဂိုအတိုင်း စပ်ဖြဲဖြဲလုပ်၍ ရှင်းမေထိုင်နေသော ဆိုဖာဘေးသို့ဝင်ထိုင်ကာ
YOU ARE READING
တပြည်သား(တျပည္သား)