"ဒါက Pranရဲ့ ကိုယ်ပိုင်အခန်းဆိုတာကျွန်တော်သိသည်။
သူ့အခန်းထဲကို ဘယ်ချိန်မဆို ဝင်ခွင့်ပြုတာ မောင်းထုတ်တာလုပ်ပိုင်ခွင့်ရှိသည်။ Pranမှန်သည်။ဒါပေမဲ့ ကျွန်တော် နှလုံးသားနာကြင်ရခြင်းက Pran ရဲ့ ခုလိုအေးစက်တဲ့မျက်လုံးတွေကိုတခါမှမမြင်ဖူးခဲ့လို့ဖြစ်သည်။
Pranက သူမွေးကထည်းက သိလာခဲ့တဲ့ ကျွန်တော့်အစား အဲ့ကောင်ကိုရွေးချယ်လိုက်တဲ့ခံစားချက်၊
ကျွန်တော့်အစားအဲ့ ကောင်ကိုပဲစိတ်ပူတဲ့ခံစားချက်က ကျွန်တော့်ကိုဝမ်းနည်းပြီး စိတ်တိုစေသည်။ကျွန်တော့်အရုပ်လေး Nong Homကိုပါမေ့ပြီး ကျွန်တော့်အခန်းကိုပြန်လာခဲ့သည်။
ကျွန်တော်ဒီနေ့ ဟိုကောင်နဲ့ပတ်သတ်ပြီး seriousဖြစ်နေတာ ကျွန်တော်သိသည်။
ကျွန်တော့်ရဲ့ စိတ်ရူပ်မူတွေက တဖြည်းဖြည်းကြီးမားလာသည်
ကျွန်တော်ရဲ့မျက်နာလဲညိုမဲလာသည်
အဲ့ကောင်ကိုလဲ ကျွန်တော့်ကို တောင်းပန်လာအောင် ပြုလုပ်ချင်သည်ကျွန်တော်သောက်ဂရုမစိုက်ဖူး။
ကျွန်တော့်ကို ခုလေးတင် အခန်းထဲကမောင်းထုတ်တဲ့သူကတော့ဂရုစိုက်သည်။
Pranကိုခု လို အားပြင်းစွာ နာကြင်အောင်ထိုးမိသည့်အတွက် ကျွန်တော့်ခေါင်းတွေထူပူပြီး အားနာမိသည်။ မူကြိုကျောင်းတတ်ကထဲက Pranကိုခုလောက်အားပြင်းပြင်းဖြင့် နာကြင်အောင်လုပ်ဖို့မတွေးခဲ့ဖူးပါ။
Pran နာကြင်ရတာကြောင့် ကျွန်တော်လည်းနာကြင်ရသည်။
ကျွန်တော့်ရဲ့တကယ်စိတ်ရင်းအမှန်ဖြင့်သူ့ကိုတောင်းပန်ချင်သည်။"ဘာဖြစ်တာလဲ P'Pat"
အခန်းထဲမှာ ခြေသည်းနီဆိုးနေတဲ့ ကျွန်တော့်ညီမက ကျွန်တော် မတ်တပ်ရပ်နေတာမြင်ပြီးမေးသည်။
ကျွန်တော်သက်ပြင်းချပြီး Pranကိုထိုးခဲ့မိသည့် လက်သီးကိုကြည့်ပြီး
Pran ကိုထပ်ထိုးချင်စိတ်ပေါက်လာသည်။Pran က ဘယ်လိုအခွင့်ရေးမျိူးနဲ့ ကျွန်တော့်ကို ဒီလိုမျိူးခံစားရအောင် ငိုချင်လာအောင် လုပ်နိုင်ရတာလဲ။