အရင်ရက်ကမှ ကျွန်တော် ဆူပူထားပေမဲ့
ဒီညစ်ပတ်တဲ့ကောင်ကတော့ အရင်လိုသတိမထားပြူမူနေတုန်းပဲ။သူဖွထားတဲ့အရူပ်တွေကိုကြည့်ပြီး ကျွန်တော်သက်ပြင်းချမိသည်။
"Pat"
ကျွန်တော်အသံမာမာဖြင့် ခေါ်သော်လည်းဆိုဖာပေါ်ထိုင်နေတဲ့Patက ကျွန်တော့်ကို attentionမပေး၊
သူ့အရုပ်ကိုလည်းဖက်ထားသည်။"Hmm"
ပြန်ထူးပေမဲ့ ကျွန်တော့်ကိုလှည့်မကြည့်။
"Phatra"
"Hmm"
"Mr. Phatra"
Patက လန့်သွားပုံဖြင့်လှည့်ကြည့်သည်။
"ဘာလို့ဒီလောက်အော်နေတာလဲ"
"ငါခေါ်နေတာ ဘယ်နစ်ခါရှိပြီလဲ"
"မင်းကစိတ်မရှည်တတ်လိုက်တာ"
"ငါမင်းကိုခေါ်နေတာ တစ်နာရီလောက်ရှိပြီ"
စားပြီး မဆေးသဖြင့် ခြောက်နေသည့် ထမင်းနဲ့ မုန့်ပန်းကန်တွေကို ကျွန်တော်ကြည့်နေတာကြာပြီ။
Patက ထဆေးမဲ့ပုံမရှိသဖြင့်ကျွန်တော်သာသည်းမခံနိုင်ဖြစ်ရသည်။"ပန်းကန်ထဆေးတော့ ထ"
"နေဦး၊ ငါဂိမ်းပြီးအောင်ဆော့ဦးမယ်"
"အရင်ပန်းကန်ထဆေးလိုက်၊ ပြီးရင်ပြန်ကစားလေ"
"Gameအရင်ကစားပါရစေ၊ ငါboosကိုတွေ့ရတော့မယ်။ Hey!"
ကျွန်တော် Patဆီက ဖုန်းကိုဆွဲလုပြီး lockချလိုက်တော့ Patကထအော်သည်။
"ငါ recordသစ်ရတော့မှာကို Pran"
ကျွန်တော့်ရဲ့သူ့ကိုဂရုမစိုက်တဲ့ပုံကြောင့်
Patက ကလေးတယောက်လိုအော်နေသည်။ကျွန်တော် Patရဲ့ဖုန်းကိုဘေးကိုယူထားပြီး အလုပ်ဆက်လုပ်နေလိုက်သည်။
Patက ဗလုံးဗထွေးတွေ ပြောပြီး ဖြည်းညင်းစွာလမ်းလျှောက်လာပြီး ကျွန်တော်နားမှာလာထိုင်သည်။
"ဒီပစ္စည်းကဘာကြီးလဲ"
"မင်းဘာလာလုပ်တာလဲ"
"ငါပန်းကန်တွေဆေးနေတာကိုမင်းမမြင်ချင်ဖူးမလားလို့"
"ဝေးဝေးသွား၊ ငါအလုပ်လုပ်လို့မရတော့ဖူး"