ကျွန်တော် သေချာ မှတ်မိနေတဲ့အဖျားမျိူးထက်
ခုချိန်မှာ ကျွန်တော်လက္ခဏာနစ်မျိူးကိုခံစားနေရသည်။ကျွန်တော် စိတ်ချမ်းသာသလိုလုပ်ချင်ရာ လုပ် နေရမည့် ပိတ်ရက်တွင် ကျွန်တော် ခေါင်းကိုက်ပြီး လည်ချောင်းနာနေသည်။ကျွန်တော် အလုပ်လုပ်တာကို မရပ်ရင် တခြားရောဂါဝေဒနာများပါ ထပ်ရလာတော့မည်။
"Pran Na"
ကျွန်တော့်အနောက်မှ Patအသံကိုကြားရချိန်တွင် ကျွန်တော် မျက်လုံးကိုအပေါ်လှန်လိုက်သည်။
Patကတစ်ကိုယ်လုံးလူပ်ရွနေ
ပြီး သူ့ရဲ့ မေးစိကို ကျွန်တော့် ခေါင်းပေါ်တွင်တင်ပြီး ဟိုဟိုဒီဒီပွတ်သပ်နေသည်။"မင်းဘာလို့အစောကြီးနိုးနေတာလဲ"
"ငါညက အစောကြီး အိပ်ပျော်သွားတာ၊ မင်းအိပ်ပျော်ပြီး မကြာခင်ပဲ"
ကျွန်တော်လုပ်နေသည့် task ကို save လုပ်ပြီး ကျွန်တော့်အနောက်မှာသူ့ကိုကြည့်ပြီးပြန်ဖြေလိုက်သည်။
"မင်းတော့နော်၊ ငါ့အဖေနဲ့ အမေ အိမ်မှာမရှိတာနဲ့ပဲ၊ အိမ်ထဲကို အေးဆေး ဝင်ထွက်နေတော့တာပဲ"
Patကပြုံးသည်။
"မင်းတစ်ယောက်ထဲ ဖြစ်နေမှာပေါ့၊ ငါမမေးရဖူးလား"
ကျွန်တော် ခေါင်းခါနေပေမဲ့ ပြုံးလိုက်မိသည်။ကျွန်တော့်မိဘတွေက အရင်တနေ့လောက်ထဲက eventတစ်ခုကိုသွားပြီး အဂ်ါနေ့လောက်မှ ပြန်လာကြမည်ဖြစ်သည်။
အဲ့တာကြောင့်ကျွန်တော်စပြီး နေမကောင်းဖြစ်နေခြင်းဖြစ်သည်။ကျွန်တော်အိမ်မှာတစ်ယောက်ထဲရှိသည့်အချိန်တွင် ဘေးမှာ ဘယ်သူမှမရှိသည်ကိုအခွင့်ကောင်းယူပြီးကျွန်တော်မအိပ်တော့ပဲ ကစား နေတတ်သည်။
ဘေးအိမ်က ကောင်လေးကတော့ companyသွားရပြီး နေ့ကော ညကော computerရှေ့မှာထိုင်ကာ ပိတ်ရက် မကုန်ခင် အလုပ်ပြီးအောင်လုပ်နေရသည်။
ကျွန်တော် ငါးထမင်းတောင် စားမဝင်ပါ၊ထိုကြောင့် ကျွန်တော့်ခန္ဒာကိုယ်က ဘာကြောင့်ဆန္ဒပြသလဲ ဆိုတာ အံ့ဩစရာမလိုပါ။