Patကကျွန်တော့်ကို အချိန်အတော်ကြာအထိ ဖုန်းအဆက်သွယ်ဖြတ်ထားပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်သည်။
ဒီဖုန်းက ကျွန်တော်နှင့် Patကိုဆက်သွယ်ပေးနိုင်သော တစ်ခုထည်းသောအရာဖြစ်သည်။
ကျွန်တော့်ရဲ့ ခေါင်းမာတတ်သော အကျင့် ကို ဆက်ပြီး ခေါင်းမာစေဖို့ ကျွန်တော်ဆုတောင်းသည်။ကျွန်တော့်ပစ္စည်းတွေကောက်ထည့်ပြီး ပြတင်းပေါက်ကနေ ခုန်ဆင်းပြီး Patအနောက်သို့ လိုက်မသွားမိစေရန် ကျွန်တော်ဆက်ခေါင်းမာနေမှရမည်။
Patဘယ်အချိန်က စပြီး seriousဖြစ်တတ်သွားတာလဲ? Patက ဘယ်တော့မှ ဂရုတစိုက် မတွေးတော တတ်သူဖြစ်သည်။ Patက အရာရာကို သူ့ခံစားချက်အတိုင်း ဆုံးဖြတ်တတ်ပြီး သူ့ခံစားချက်အတိုင်းဖြစ်အောင်လုပ်တတ်သူဖြစ်သည်။
အရင်အချိန်တွေကတော့ Patပြသနာတစ်ခုခုဖြစ်တိုင်း ကျွန်တော်လိုက်ဖြေရှင်းပေးလို့ရသည်။အဲ့တာကြောင့် သူလုပ်ခဲ့သည့် လုပ်ရပ်တစ်ခုရဲ့ အကျိုးဆက်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ Patကနားမလည်ပါ။
ကျွန်တော် သူ့ကို ကာကွယ်ဖို့ကြိုးစားခဲ့သည်ဆိုတာတောင် မပြောပြဖြစ်ပါ။ကျွန်တော်ချစ်သောသူကို နောင်တရတတ်သောသူဖြစ်အောင် ကျွန်တော်ကိုယ်တိုင်က မကောင်းတဲ့သူဖြစ်မှရမည်။ ကျွန်တော်အချစ်ကိုစွန့်ပစ်ပြီး Patရဲ့လက်ကိုလွှတ်ပေးလိုက်ရသည်။
နောက်ဆုံးမှာတော့ ကျွန်တော် ဆုံးဖြတ်ခဲ့သမျှ ဆုံးဖြတ်ချက်တိုင်းအတွက် ကျွန်တော် မပျော်ရွှင်နိုင်တော့...။
ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးက သူ့အတွက်ပါပဲ။အဲ့ညက ကျွန်တော် တစ်ညလုံးစိတ်လူပ်ရှားစွာဖြင့် ထိုင်နေရ ပြီး မကြာခဏ လိုက်ကာစကို ဖွင့်ကာတဖက်အိမ်ကို ကြည့်နေမိသည်။
Patအိမ်ပြန်လာ လား၊ မလာသေးဖူးလား ကြည့်ရန် ကျွန်တော် လိုက်ကာစကိုဖွင့်လိုက်ပိတ်လိုက်ဖြင့် အခန်းထဲတွင် လမ်းလျှောက်နေခဲ့တာ မိုးလင်းခဲ့ပြီဖြစ်သည်။
အချိန်တွေကုန်ခဲ့သည်မှာ တဖက်အိမ် ခြံစည်းရိုးမှ ကျယ်လောင်သော အော်ဟစ်သံများ ကြားရသည်အထိဖြစ်သည်။