"ထူးဆန်းတယ်"
ဒီစကားလုံးက ကျွန်တော် အိပ်ယာနိုး ရေချိုး အဝတ်စားလဲပြီး အိပ်ယာထဲ ပြန် လှိမ့်နေသည့်အချိန်တွင်
ကျွန်တော့်အတွေးထဲ ပေါ်လာသော စကားလုံးဖြစ်သည်။ကျွန်တော် တနေ့တာအတွက် တခုခုထစားပြီး အိပ်ယာပေါ်တွင်ခုလို အေးအေးဆေးဆေး ပြန်လှဲလျောင်းနေတာဖြစ်သည်။အခန်းကလဲ ဒီအခန်း ၊အိပ်ယာ ကလဲ ဒီအိပ်ရာ ၊ဒီစောင်၊ ဒီခေါင်းအုံး ၊အရာရာအားလုံးဒီအတိုင်းပဲဖြစ်နေလျက်နှင့်။ ကျွန်တော့်နှလုံးသားခံစားချက်တွေကဘာလို့မတူတော့တာလဲ။
ကျွန်တော်အေးစက်နေသလိုခံစားရသည်။ ခြုံနေကျ စောင်ကလဲ အရင်ကလိုမနွေးထွေးတော့ပါ။ ကုတင်ကလဲ အရင်ကလိုမဟုတ်ပဲ အကျယ်ကြီးဖြစ်နေပြီး တိတ်ဆိတ်မူကိုလည်း အသားမကျပဲဖြစ်နေမိသည်။
လွန်ခဲ့သည့် လေးနှစ်လုံး ခုလို ခံစားချက်မျိူးတခါမှ မဖြစ်ဖူးပါ။ဒါပေမဲ့ အခုတော့ Patကသူ့အိမ်ကို တရက်လေးစောပြန်သွားတာ ကျွန်တော့်အခန်းကဘာလို့ခုလို အဓိပ္ပာယ်မဲ့နေရတာလဲ။
အခုတော့ 24နာရီ လုံးလုံး တစုံတယောက်က ကျွန်တော့် လက်မောင်းတွေ ခြေထောက်တွေနားမှာ ရစ်ဝဲပြီးရှိနေတာကိုအသားကျနေခဲ့တာဖြစ်မည်။ ကျွန်တော့်မျက်လုံးကိုမှိတ်ထားလိုက်သည်။ ကျွန်တော် အိပ်ရတဲ့အချိန်လည်းနည်းတာမို့ တယောက်ကိုတယောက်တွေ့ရသည့်အချိန်ပိုများခဲ့သည်။
ဒီအလေ့အကျင့်ကြီးကတကယ် ဆိုးရွားသည်။
အိပ်ခန်းထဲမှ ဧည့်ခန်းကိုလှမ်းကြည့်လိုက်တော့ သောက်ရမ်းတွေသန့်ရှင်းနေသည်။လွန်ခဲ့သည် တစ်လ လုံးလုံး computer ရှေ့မှာ Zombie တစ်ကောင်လို မျက်လုံးကို အတင်းဖွင့်ပြီး ကျွန်တော့် တာဝန် တွေအချိန်မှီပြီးရန် ထိုနေရာမှာပဲ အိပ်ခဲ့စားခဲ့ရသည်။
ကျွန်တော့်အခန်းကိုသန့်ရှင်းရေးလုပ်ဖို့နေနေသာသာ ကျွန်တော်ကိုယ်တိုင်နေ့စဉ် ရေချိုးဖို့တောင်ခက်ခဲခဲ့သည်။ Pat လို အပျော်အပျက်ပဲနေတတ်သည့်ကောင်တောင်မှ အမြဲ ထပြီး စိတ်လန်းဆန်းစေရန် သန့်ရှင်းရေးထလုပ်ပေး သည်။ ဒါပေမဲ့ အိမ်က ရူပ်ပွနေမြဲဖြစ်သည်။