ကျွန်တော့်ပေါင်ပေါ်မှာ အိပ်ပျော်နေသည့်သူကို ထိုင်ကြည့်နေမိသည်။
Patရဲ့အသက်ရူသံကနွေးထွေးပြီးမြန်ဆန်သည်။
အရက်တွေအများကြီး သောက်ထားတာကြောင့် ဖြစ်နိုင်သည်။သူအိပ်နေတုန်း ကျွန်တော့်နာမည်ကိုခေါ်တာကြားရတော့သက်ပြင်းချမိသည်။
Pat က ခပ်ပျော်ပျော်နေတတ်သော စိတ်ရုပ်စရာကောင်လေးဖြစ်သည်။သူ့မှာ နစ်လိုဖွယ်အပြုံးရှိပြီး ဘာအတွက်မှ စိတ်ဖိစီးမူမရှိ။
သူ့နားမှာ တောက်ပတဲ့အလင်းရောင်တွေရှိနေသလိုပဲ။Patကဘယ်အကြောင်းရာကိုမဆို နစ်ခါမတွေးတတ်။
ဘာကိုမှမစဉ်းစားပဲ ပျော်ပျော်နေတတ်သူဖြစ်သည်။Patတွင်ကိစ္စတခုခုဖြစ်တိုင်း ကျွန်တော့်ကိုပါလာပြီးသက်ရောက်သည်။
ဘယ်လိုလူကများ taxi သမားဆီကအလစ်သုတ်ခံရပြီး Seven storeရှေ့မှာ ပစ်ချခံရတဲ့ထိ မူးနေလို့လဲ။
seven က ခွေးကသူ့ပါးစပ်ကိုယက်နေသည့်အထိ သူလဲကျနေသည်။
ညလယ်ခေါင် ကျွန်တော့်နားချိန် အလုပ်လုပ်ချိန်ကြီးမှာတောင်သူ့ဆီ Taxiဖြင့်သွားခေါ်ရသည်။
ပိုပြီး သတိထားရမှာက Patက ကျွန်တော့်ကိုခေါင်းကိုက်စေသည့် ဒုက္ခအိုး တနေ့တခြားပိုပြီးဖြစ်လာသည်။
ကျွန်တော်တို့ကအခု ရန်သူတွေလား၊ သူငယ်ချင်းတွေလား၊ အဖေနဲ့သားလားတောင်မသဲကွဲတော့။
ကျွန်တော်သူ့ကိုနေ့စဉ် ဆဲဆိုနေရလို့ စကားလုံးအသစ်တွေတောင် ထွင်ပြီးနေပြီဖြစ်သည်။
Patကအိမ်ကိုဘယ်တော့မှ အချိန်နဲ့ပြန်မလာတတ်။
ကြာလာတော့ နေ့စဉ် ဒီအကြောင်းရာတွေကိုပဲ ပြောဆိုနေရတာပင်ပန်းလာသည်။
Patကတော့ ဘယ်လိုမှ ပြောင်းလဲ လာမဲ့ပုံမရှိလို့ဖြစ်သည်။ကျွန်တော်နှင့်တူတူပဲဖြစ်သည်။
ကျွန်တော်ဘယ်လောက်ပဲပျင်းပျင်း၊ သူ့ကို
တော့ ဘေးမှာ မထားချင်။×××
တစ်နာရီခန့် ဆရာ lectureသင်ပြတာကိုနားထောင်ပြီး ကျွန်တော့် အညောင်းအညာပြေအောင်ဆန့်လိုက်သည်။ညက ကျွန်တော်အိပ်ရသည့်အချိန်က ငှက်တွေအသံတောင်ကြားနေရပြီ။
မနက်ကျတော့ 8နာရီ အတန်းချိန်အမှီ ထွက်လာခဲ့ရသည်။