Part2 Pat Talk

2.8K 185 12
                                    

Unicode
"ဘာ ဆန်ပြုတ်လား? မဝယ်လာမိဖူးလေ၊
မနက်ကP'Patက ဂျုံခေါက်ဆွဲစားချင်တယ်ပြောလို့Paaက ကျောင်းကပြန်လာရင်လုပ်ကျွေးမလို့ ခေါက်ဆွဲသွားဝယ်လာတာ။
Paaပြန်လာတော့ မှောင်နေပြီ။
Paaလဲစားချင်စိတ်မရှိ‌တော့ဖူး။
Paa ဖုန်းခေါ်တာလဲ P'ကမကိုင်ဖူး။
အဲ့အပြင် မျက်နာကလဲ ညိုမဲနေတာပဲ၊
အဲ့တာကြောင့်ပြောပါတယ်အောက်ဆင်းပြီး ပုဇွန်ဆံပြုတ်သွားဝယ်ပါလို့၊ P' ပါးစပ်ကဒဏ်ရာကြီးနဲ့။
P'လို လူဆိုးမျိူးကလေ#@$$$&#..."

Paaကကျွန်တော့်ရဲ့ တဦီးတည်းသော ညီမလေး မဟုတ်ခဲ့ဖူးဆိုရင်လေ သူ့မှာမနက်ဖန်ဆိုတာတောင်ရှိမှာမဟုတ်ဖူး။

လူလေးက တုတ်ချောင်းလေးလိုပိန်သလောက်
ပါးစပ်က တတွတ်တွတ်၊
သူမပါးစပ်ကလဲ နှဲလိုပဲ၊ ခါးထောက်ပြီး ကျွန်တော့်ကိုပူညံပူညံလုပ်နေချက်က။

ကျွန်တော့်ရဲ့ condoအလတ်စားပုံစံအခန်းက
အိပ်ခန်းနစ်ခန်း ၊ရေချိုးခန်းတခန်းနဲ့ ရေခဲသေတ္တာထားတဲ့နေရာတခု။

မီးဖိုချောင်လို့ခေါ်ဖို့တော့အရမ်းကျဉ်းပါသည်။
ကျွန်တော်ပြန်လာတာနဲ့ သူမရဲ့ မြည်တွန်တောက်တီးသံတွေကြားရတာနေ့စဉ် ထုံးစံကိုဖြစ်လို့။

အိပ်တယ် စားတယ် စာလုပ်တယ် ရန်ဖြစ်တယ်။
ဟိုကောင်တွေသာကျွန်တော့်ရဲ့ဒီလိုပုံစံကိုမြင်ရင်ဆယ်ဘဝ လောက်ထိကိုအစခံရလိမ့်မည်။

"ဒီတခါတော့ ကိုကြီး ဘာပြသနာမှမလုပ်ခဲ့ဖူးနော်"

ကျွန်တော်ပျက်ယွင်းနေသော အသံဖြင့်ပြောလိုက်သည်။ မိန်းမတွေနဲ့ပြိုင်ငြင်းရတာ အန္တရာယ်များသည်။
တဖြည်းဖြည်း တိုက်ခိုက်တာပဲ လုံခြုံသည်။

"Pran ဘက်ကစတာ"

"အဲ့တာနဲ့ပဲ ကိုကြီးက တခြားသူတွေကိုအရင်သွားမရှာကြည့်တော့ဖူးပေါ့"

"ငါက စာလုပ်နေတာလေ၊ အဲ့အချိန်မှာ Kornရောက်လာပြီး Pran အဲ့ကောင်ကသူတို့ကို စပြီးရိုက်နေတယ်လို့လာခေါ်တာ"

"P'Pat !! P'Pranကဘယ်လိုလူမျိူးလဲဆိုတာမသိချင်ယောင် ဆောင်နေနဲ့နော်၊
P'သူငယ်ချင်းတွေက အကြောင်းပြချက်ကိုအရင်ရှာရမှာ"

BBS Ohmnanon Mm translation.Tempat cerita menjadi hidup. Temukan sekarang