Part 11 Pran Talk

2.5K 156 59
                                    

" Na...."

"မရဖူး"

"Na...လုပ်ပါလို့"

"မရဖူးလို့ပြောနေတယ်"

Patက ၃နှစ် ‌ခလေးတွေ သူတို့မိဘကိုအရုပ်ဝယ်ပေးဖို့ပူဆာသလိုမျိူး ကျွန်တော့်လက်မောင်းကိုဆွဲလူပ်နေတာကြောင့် ကျွန်တော့်လက်ကိုပြန်ရုန်းလိုက်သည်။

"မင်း ရန်ဖြစ်ဖို့အောက်ဆင်းသွားရင်တော့ သူရှ်ိမှာမဟုတ်ဖူး"

"Tsh"

"ဘာ tshလဲ၊ မင်းရေမချိုးသေးဖူးလား"

"အင်းပါ၊ ရေတူတူချိုးရအောင်လေ"

Patက ကျွန်တော့်အနားပိုတိုးကပ်လာသည်

"Pan!... (ရိုက်သံ)

"Ouch ဘာလို့ရိုက်တာလဲ"

"မင်းက ကစားနေတာမှ မရပ်တာ"

"လမ်းကကြမ်းလိုက်တာ  ဘယ်သူ့မိန်းမမို့လို့လဲ"

"ထပ်ပြောကြည့် ဒီတခါမင်းပါးစပ်ကိုရိုက်မှာနော်"

"လက်ကလဲကြမ်းတမ်းတယ်၊  ရက်လဲရက်စက်တယ်"

"ရေသွားချိုးသွား"

ရေတခါချိုးဖို့ မိနစ်နစ်ဆယ်လောက်ကပ်ချွဲနေတဲ့ Patလဲ အရုံးပေးပြီး ရေချိုးခန်းဘက်ကိုလှည့်သည်။

"မသွားဖူး ထပ်မနောက်ယှက်နဲ့တော့"

ကျွန်တော် စာအုပ်တအုပ်ကိုယူပြီး သူ့ဆီ ကောက်ပေါက်ချင်ဟန်ဆောင်မှ ရေချိုးခန်းထဲသို့ဝင်ပြေးသွားသည်။

"Pran..."

"ဘာလိုချင်လို့လဲ"

"မအိပ်သေးဖူးလား"

"မင်း အရင်သွားအိပ်နှင့်လေ"

ကျွန်တော် Patရေချိုးပြီးထဲက သူ့ကိုလှည့်မကြည့်ပဲ ကျွန်တော့်အလုပ်ကိုသာ အာရုံစိုက်လုပ်နေသည်။

"မနက်ဖန်မှဆက်လုပ်လဲရမှာပါ"

"ဘယ်လိုလုပ်ကောင်းမှာလဲ ငါပြီးအောင်လုပ်လို့ရမလား၊ မနက်ဖန်မှ လုပ်လဲ တူတူပဲ လုပ်ရမှာပဲ"

"မင်းကအရမ်း ရက်စက်တာပဲ"

ကျွန်တော် သူ့ကိုလစ်လျူရူပြီး အလုပ်ဘက်ကိုပြန်အာရုံစိုက်ထားသည်။ထိုအချိန် Waiက ဖုန်းခေါ်လာသည်။

BBS Ohmnanon Mm translation.Donde viven las historias. Descúbrelo ahora