လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် Patကိုစိတ်ဆိုးနေခဲ့တာ ဝန်ခံပါသည်။
ဘယ်လောက်ထိလဲဆိုရင် ကျွန်တော်သူ့မျက်နှာကိုတောင်မမြင်ချင်တဲ့ထိ စိတ်ဆိုးနေခဲ့သည်။တခြားအရာတွေထက်ကျွန်တော့်ကိုကျွန်တော်လဲ စိတ်ပျက်မိသည်။
ကျွန်တော့်ရဲ့ခံစားချက်တွေ နဲ့စကားလုံးတွေကို ကိုယ်တိုင် မထိန်းချုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုစိတ်ဆိုးမိသည်။
ကျွန်တော် တယောက်ထဲနေချင်သေးသည်။
ကျွန်တော့်ရဲ့အတွေးတွေကိုပြန်ထိန်းချုပ်ချင်သည် ။
ပြန်စဉ်းစားရင်ဘာအကြောင်းပြချက်မှ မရှိ။ကျွန်တော် သူ့ကို မကျေနပ် ၊
သူကျွန်တော့်ကို ဆိုးရွားစွာခံစားရစေသည်။အနည်းဆုံးတော့ ကျွန်တော်စိတ်လျှော့ခဲ့သင့်တာ၊ ကျွန်တော့်ခံစားချက်တွေကိုအဲ့ကောင်ရှေ့မှာ ထုတ်မပြခဲ့သင့်ဖူး။
ဒါပေမဲ့ သူ့ရဲ့ အပြုမူကိုကြည့်ရတာ အဲ့ခွေးရူးကောင်က ဘာမှ နားမလည်သလိုပါပဲ။
ကျွန်တော့်ကိုယ်လုံးကို လည်ပင်းကနေ သူ့ဆီသို့ဆွဲယူထားသည်။
Pat နူတ်ခမ်းတွေက ကျွန်တော့်နူတ်ခမ်းေတွထဲကိုကြမ်းကြမ်းတမ်းတမ်းဝင်လာတာကြောင့် ကျွန်တော် မျက်လုံးပြူးသွားသည်။
ကျွန်တော့်ရဲ့ အောက် နူတ်ခမ်းကို သူ့သွားဖြင့်ကိုက်ပြီး အားပြင်းပြင်းဆုပ်ကိုင်ထားတာကြောင့် ကျွန်တော့်ပါးမှဒဏ်ရာမှာ နာကြင်နေသည်။
ကျွန်တော်သူ့လက်ထဲမှ ရုန်းထွက်ဖို့ကြိုးစားသည်။ Patကကျွန်တော့် လုံးဝမလူပ်ရှားနိုင်အောင် သူ့လက်မောင်းဖြင့် တင်းတင်းပိတ်ထားသည်။
ကျွန်တော်Patရဲ့ခံစားချက်တွေကိုအတည်လို့မသတ်မှတ်ခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ။
အခုတော့ ကျွန်တော်အရမ်းစိတ်ဆိုးသည်။
နောက်တော့Patကကျွန်တော့်ကိုလွှတ်ပေးလိုက်ပြီး စကား တခွန်းပြောသည်။
Patက ဒေါသကြောင့် မျက်ရည်ကျလုနီးနီးစိတ်တိုနေသည်။
"မင်းကိုယ်မင်း ပြန်မေးကြည့်
ငါနဲ့ တခြားသူကိစ္စမှာ
မင်း ကန့်ကွက်တာ ငါ့ညီမကြောင့်လား
မဟုတ်ရင် မင်းငါ့ကိုတကယ် သဝန်တိုနေလို့လားဆိုတာ?"