Patက သူ့ အခန်းထဲမှလမ်းလျှောက်ထွက်သွားသည်။ သူ့မျက်လုံးနှင့် သူ့မျက်နှာက ကျွန်တော့်ခေါင်းထဲမှာစွဲထင်ကျန်ရစ်ခဲ့သည်။ကျွန်တော် မတတ်နိုင်ခဲ့သည့်ကိစ္စအတွက်
စိတ်ထဲမှာလုံးဝအဆင်မပြေဖြစ်ရပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။လူကြီးတွေရဲ့ မျက်စိမှိတ်လုပ်တတ်သည့်အကျင့်ကိုရော နံရံတွေကိုပါကျွန်တော်ထိုးခွဲပစ်ချင်သည်။ပြီးတော့ ငိုတော့မလိုဖြစ်နေသည့်Patနောက်သို့လိုက်သွားပြီး ဖက်ထားချင်သည်။
ဒါဘယ်သူ့အပြစ်လဲ?
ဒီစစ်ပွဲ ဘယ်ချိန်ကစခဲ့လဲ?
ဘယ်အချိန်မှာ စဖြစ်ခဲ့လဲ?
ဒါတွေပြီးဆုံးဖို့ ကျွန်တော် ဘယ်လောက်ထိစောင့်ရမလဲ?"မင်းသူနဲ့ အဆောင်တခုထဲ နေနေတာ ဘာလို့မပြောတာလဲ"
အနောက်မှ ကျွန်တော့်အဖေရဲ့အော်သံကြောင့် နာကျင်လာသည်အထိ ကျွန်တော်အံကြိတ်ထားမိသည်။ ကျွန်တော် တံခါးကိုပဲကြည့်နေ ဖို့ကြိုးစားပြီး စိတ်ထဲမှ 10အထိရေတွက်နေသည်။
"Pran သားအဖေ သားကိုမေးနေတယ်လေ"
ကျွန်တော်အဖေက သူနှင့်မျက်နာချင်းဆိုင်ရန် အော်ဟစ်ပြီး ကျွန်တော့်ပုခုံးကိုဆွဲယူလိုက်သည့်အခါ ကျွန် တော့် ခံနိုင်ရည်တွေအကုန်ပြိုပျက်ကုန်ရသည်။
ကျွန်တော့်ရဲ့ မကျေနပ်မူကိုပြသဖို့ ကျွန်တော့်ပုခုံးကိုနောက်သို့ပြန်ဆုတ်ပြီး ရုန်းလိုက်သည်။ ကျွန်တော့်ရဲ့အပြုမူကြောင့် ကျွန်တော့် အဖေ shockရသွားသည်။
"သားဘာတခုမှ မှားတယ်လို့မထင်မိဖူး"
"မင်းဘယ်လိုပြောလိုက်တာလဲ?"
ကျွန်တော့်အဖေက သွားကိုတင်းတင်းစေ့ထားသည်။ အမေ ကကျွန်တော့်ကိုစိတ်လျှော့စေရန်ကျွန်တော့်နာမည်ကိုလှမ်းခေါ်သည်။
ဒါပေမဲ့ အခုချိန်မှာ အလျှော့ပေးရမည့်သူက ကျွန်တော် ဟု မထင်ပါ ။" ဒီကိစ္စမှာ သားဘာတခုမှ မှားတယ်လို့မထင်ဖူးလို့"
"ဒီကိစ္စကဘာလို့ မမှားရမှာလဲ၊ အဲ့တာကြောင့် မင်းအိမ်ကို ပြန်မလာတာမဟုတ်လား"