"Pranဘာဖြစ်လို့လဲ မင်းမျက်နှာကဖျော့တော့နေတာပဲ"
Waiရဲ့ အေးစက်နေတဲ့လက်က ကျွန်တော့်နဖူးကိုလာထိတော့ကျွန်တော်လန့်သွားမိသည်။
သေချာပေါက်ဝရံတာမှာ ပုန်းနေမယ်ဟု ထင်ထားတဲ့သူက ဘယ်ပျောက်သွားပါလိမ့်။ပုန်းစရာအပေါက်တပေါက်တောင်မရှိတဲ့ ဆယ်ထပ်မြင့် ဝရံတာကနေ သူဘယ်လိုများပျောက်သွားရတာလဲ။
"ဘာမှ မဖြစ်ပါဖူး မင်းလဲမြန်မြန်ပြန်တော့လေ
အဲ့တာမှ အလုပ်လုပ်မြန်မြန်လုပ်လို့ရမှာ""မင်းကြည့်ရတာ အလုပ်နဲ့ပတ်သတ်ပြီး အရမ်းstress များနေပုံပဲ ၊ မင်း အိပ်ရောအိပ်ရဲ့လား"
"ငါအိပ်ပါတယ် မင်းလဲပြန်ပြီးနားတော့"
Waiက ခေါင်းမငြိမ့်ခင် ကျွန်တော့်မျက်နာကိုကြည့်ပြီး ဝေခွဲမရဖြစ်နေသည်။
"အေး ငါပြန်တော့မယ် မင်းဒီညအိပ်မှာလား ၊
မင်းနောက်ကျမှ အိပ်မယ်ဆိုရင်ငါအိပ်ချင်နေတဲ့အချိန်ဖုန်းခေါ်လိုက်မယ်""ငါမနေ့ညကအိပ်တာ အရမ်းနောက်ကျသွားလို့ ဒီညတော့အိပ်ဖြစ်မယ်ထင်တယ်"
"Okay မင်းမြန်မြန်အိပ်လို့ရအောင်ငါပြန်တော့မယ်"
ကျွန်တော် ခေါင်းငြိမ့်ပြီး Waiကိုတံခါးနားသို့လိုက်ပို့သည်။ ကျွန်တော့်စိတ်ထဲက စိတ်အလိုမကျမူကိုမျက်နှာမှာ မပေါ်လာအောင်ကြိုးစားထိန်းနေရသည်။
ကျွန်တော် တံခါးပိတ်ပြီး ဘယ်လိုသေနေမှန်းမသိနိုင်တဲ့သူကိုအမြန်ေပြးကြည့်ဖို့Waiကိုအမြန်လမ်းလျှောက်သွားစေချင်သည်။
"ငါသွားပြီနော်"
Waiက ကျွန်တော်ကိုပြုံးပြီး နူတ်ဆက်သည်။ကျွန်တော်လဲ ပြန်ပြုံးပြပြီး တံခါးပိတ်လိုက်သည်နှင့် ကျွန်တော့်ခြေထောက်နစ်ချောင်းက ဝရံတာသို့ရောက်သွားသည်။
"Pat"
ကျွန်တော် silde door ကို အမြန်ဖွင့်ပြီး ဘယ်ရော ညာရောကြည့်သည်။ Patကိုမတွေ့ရ။ အဲ့လို မဖြစ်သင့်ဖူးဆိုတာသိပေမဲ့ ကျွန်တော်အောက်ထပ်သို့ငုံ့ကြည့်လိုက်သည်။