ဝမ်ရိပေါ်ဟာ တက္ကသိုလ်ထဲက ကန်တင်းမှာ ထိုင်နေတယ်။ သူ့ကျောမှာ ကျောပိုးအိတ်လွယ်ထားတယ်။ ကျောပိုးအိတ်က ကိုရီးယားစတိုင်ဖြစ်ပြီး လေးထောင့်ကျတယ်။ မတ်မတ်လေး ထိုင်နေတဲ့သူ့ပုံက ဆရာရှေ့မှာ ထိုင်နေရတဲ့ တပည့်လေးလိုပဲ။
ငါ့ကိုပဲ ကြည့်မနေကြနဲ့။
သူ ခါးကို မတ်မတ်ထိုင်ပြီး မျက်နှာရှေ့ကျလာတဲ့ ရွှေဝါရောင်ဆံနွယ်တွေကို နားနောက် သပ်တင်လိုက်တယ်။ ယောက်ျားတွေရော၊ မိန်းမတွေပါ လူကို ဘာလို့ ကြည့်နေကြတာလဲ?
တက္ကသိုလ်ဝင်စာမေးပွဲပြီးရင် ဒီဆံပင်တွေကို အရောင်ပြန်ဆိုးမယ်။ ဒီလိုလုပ်ထားရတာ စောက်ရမ်းဈေးကြီးတယ်။ လနည်းနည်းတော့ ထားမှဖြစ်မယ်။
"မင်း အသက် ဘယ်လောက်လဲ?"
"ဗျာ?"
"မင်းအသက် ဘယ်လောက်ရှိပြီလဲလို့?"
ကုတ်အရှည်ဝတ်ထားတဲ့ကောင်လေးက ထမင်းပန်းကန်ကို ဝမ်ရိပေါ်ရှေ့စားပွဲမှာ ချလိုက်ရင်း ဝင်ထိုင်တယ်။ ပြီးတော့ မုန်လာဥနီကို တထောက်ထောက် ကိုက်စားတယ်။
"၁၇"
ဝမ်ရိပေါ် အဲ့အစ်ကိုကြီးရဲ့မျက်နှာကို ငေးကြည့်နေမိတယ်။ မယဉ်ကျေးတဲ့အပြုအမူဖြစ်အောင်ကို ငေးကြည့်နေတာဖြစ်တယ်။ အစ်ကိုကြီးက မုန်လာဥနီကို သူ့ရဲ့ ယုန်သွားလေးနှစ်ချောင်းနဲ့ ဝါးစားနေတာကို သေချာကြည့်နေတယ်။
သူ မုန်လာဥနီကို မုန်းတယ်။ ဒါပေမဲ့ ကြည့်ရတာ မုန်လာဥနီတွေက အရသာရှိပုံပါပဲ။
"၁၇?"
"ဟုတ်။ အထက်တန်းနောက်ဆုံးနှစ်ပါ။ ဒီနေ့ တက္ကသိုလ်ကို လာလည်တာ"
ဝမ်ရိပေါ်က သူ့ကျောပိုးအိတ်ရဲ့ကြိုးကို လက်နဲ့လိမ်ဆော့တယ်။
"တာ့တာ"
ဟမ်? တာ့တာ?
သူ မတ်တပ်ရပ်လို့ အစ်ကိုကြီးရဲ့လက်မောင်းကို လှမ်းဆွဲတယ်။
"ဘာလို့တာ့တာလဲ?"
"အသက်မပြည့်သေးတဲ့ကလေး"
အစ်ကိုကြီးက ပြောရင်း သူ့လက်ကို ပြန်ဆွဲတယ်။
"ခင်ဗျားနာမည် ကျနော့်ကို ပြော"
YOU ARE READING
Sunny Side Up ||Completed||