- 5 -

9.1K 1K 33
                                        

"စာကိုကောင်းကောင်းလုပ်။ ငါ့ကို ကြည့်မနေနဲ့"

ဝမ်ရိပေါ်က ခေါင်းငုံ့ပြီး မေးခွန်းတွေကို လိမ်လိမ်မာမာနဲ့ ဆက်ဖြေနေတယ်။

သူတို့ ဒီစတူဒီယိုထဲမှာ စာကြည့်ဖြစ်တဲ့ လဝက်ကာလအတွင်း ရှောင်းကျန့်က ဝမ်ရိပေါ်ပုံတွေကို အများကြီး ဆွဲထားတယ်။ ပုံစံအနေအထားတွေက တူတာများတယ်။ အကုန်လုံးလိုလိုဟာ ခေါင်းငုံ့ပြီး စာတွက်နေတဲ့ပုံတွေချည်းပဲ။ ဒါပေမဲ့ တပုံချင်းစီတိုင်းက ကွဲပြားတယ်။ သူ့ကို တပုံလောက်ပေးဖို့ ရှောင်းကျန့်ဆီ‌ တောင်းလိုက်တယ်။

"မင်းကို ပေးသင့်တဲ့အချိန်ရောက်ရင် ပေးမယ်"

အကယ်၍များ နောက်ပိုင်းမှာ သူ ဝမ်ရိပေါ်ကို မဆက်သွယ်ချင်တော့ဘူးဆိုရင် ဒါတွေ အကုန်လုံး ဝမ်ရိပေါ်ကို ပေးမယ်။ ပြီးရင် မျက်စိရှေ့ကရော၊ စိတ်ထဲကပါ ထုတ်ပစ်မယ်။

ဒါမှမဟုတ် ဝမ်ရိပေါ်က သူ့ကို မဆက်သွယ်ချင်တော့တာမျိုးဆိုရင်တော့ တခုမှကို မပေးဘူး။ သူ့အတွက် တွေးစရာအနေနဲ့ ချန်ထားမယ်။

ရှက်ဖို့တော့ ကောင်းတယ်။ တခါတလေ ရှောင်းကျန့်က ပုံဆွဲနေရင်း သူ့ဟာသူတွေးပြီး သူ့ဟာသူ သဘောတကျ ရယ်နေတတ်တယ်။ ဝမ်ရိပေါ်အကြောင်းကို မဟုတ်တာတွေ တွေးပြီးတော့ပေါ့။

ရာသီဥတုက ပိုပိုနွေးလာတယ်။ ရှောင်းကျန့်က အဝတ်အစားဝတ်တာ အရမ်းတော်တယ်။ ဂျပန်ကနေ အလည်ရောက်လာတဲ့ ကြင်နာတတ်တဲ့အစ်ကိုကြီးလိုမျိုး။ ဒီကာလအတွင်းမှာ ရှောင်းကျန့်တယောက် လမ်းပေါ် လမ်းလျှောက်နေရင်း လူအကြည့်ခံရတာကို ဝမ်ရိပေါ် ခဏခဏ တွေ့တယ်။ သူ့ခေါင်းထဲမှာ မဟုတ်တဲ့အတွေးတွေ ပေါ်လာတယ်။

ဥပမာပြောရရင် ရှောင်းကျန့် အဝတ်ဝတ်တာကို သူ တယောက်တည်းပဲ မြင်ခွင့်ရှိသလိုမျိုး။

ဝမ်ရိပေါ်ထိုင်နေတဲ့ စားပွဲခုံနေရာက ပြတင်းပေါက်ဘေးမှာ ဖြစ်တယ်။ အဲ့တော့ နေရောင်ခြည်က ဝင်လာတယ်။ ပိတ်ရက်တွေမှာ စတူဒီယိုထဲ လူမရှိဘူး။ သူတို့ ဒီမှာ တနေကုန်နီးပါး နေဖြစ်တယ်။ သူ ပင်ပန်းလာတာမို့ စားပွဲခုံပေါ် မှောက်အိပ်လိုက်တယ်။

Sunny Side Up ||Completed||Where stories live. Discover now