ရာသီဥတုက ပိုပိုနွေးလာတယ်။ ဝမ်ရိပေါ်က ဘောပင်ကို ကိုက်ထားရင်း စတူဒီယိုထဲမှာ အဖြေတွေ ရေးနေတယ်။ အခုချိန်မှာ သူ့ဟာသူ တပုဒ်လုံးကို သေချာတွက်နိုင်ပြီဖြစ်တယ်။ အမှားတွေအများကြီး ရှိသေးပေမဲ့ပေါ့လေ။
အကြိမ်ရေတော်တော်များများမှာ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်တွက်ထားတဲ့အဖြေတွေကိုကြည့်ပြီး ခေါင်းကိုက်ရတယ်။ ဘယ်ကဘယ်လို ရလာတဲ့ confidence တွေနဲ့များ ဘာမဆို ချရေးရဲတာလဲမသိ။ သင်္ချာတပုဒ်ကို သူ တွက်ပြီးပြီဆိုတာနဲ့ သူတွက်တာ အမှန်လို့ ထင်လိုက်တော့တာပဲ။
"ကျနော်တို့ဆရာပြောတာ။ မင်း မေးခွန်းမသိရင် ဖော်မြူလာသာ ချရေးလိုက်တဲ့။ အမှတ်နည်းနည်းတော့ ရမှာပါတဲ့"
ဝမ်ရိပေါ်က ဒီစကားကို တကယ့်မျက်နှာတည်ကြီးနဲ့ ပြောတာဖြစ်တယ်။
ရှောင်းကျန့်မှာ စကားတွေ ဆွံ့အသွားရတော့တယ်။
ရှောင်းကျန့် ပြန်လာတဲ့အချိန်မှာ အနောက်ဘက် နေလုံးကြီးက တောင်တန်းတွေပေါ် မေးတင်လို့ ဆည်းဆာချိန် ရဲတောက်နေပြီဖြစ်တယ်။ သူ ကျောင်းကို သွားပြီး activity တချို့ လုပ်ခဲ့ရတယ်။ သူ့ကိုယ်မှာ Suit ဝတ်ထားတုန်းပဲ။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်ညီနေပြီး ကောက်ကြောင်းကို အဆုံးစွန်ထိ ဖော်ထားသလိုဖြစ်နေတယ်။
သူ ကုတ်င်္ကျီကို ချွတ်ပြီး နောက်ခုံပေါ် လွှားတင်ထားလိုက်တယ်။ အထဲမှာ ဝတ်ထားတာ အဖြူရောင် ရှပ်အင်္ကျီဖြစ်တယ်။ လက်ကြယ်သီးတွေ ဖြုတ်ပြီး ခေါက်တင်ထားလိုက်တယ်။ ဆံပင်ကို spray ဖြန်းပြီး အနောက်လှန်တင်ထားတာမို့ လှပတဲ့မျက်နှာလေးက အပြည့်အစုံ ပေါ်နေတယ်။
"မင်း ပြီးပြီလား?"
ဝမ်ရိပေါ်က ဘာမှ ပြန်မပြောဘူး။ ခေါင်းလေး ရှေ့တိုးလာပြီး ရှောင်းကျန့်ကိုနမ်းတယ်။
ဒီအနမ်းဟာ သူတို့နှစ်ယောက်ရဲ့ ဒီနေ့အတွက် ပထမဆုံး ထိတွေ့မှုဖြစ်တယ်။
"အဖြေကြည့်ရအောင်"
ရှောင်းကျန့်က ဒီအတိုင်းပဲ သူ့ကို နမ်းခွင့်ပြုထားတယ်။ ပြန်နမ်းပေးတာမျိုး မလုပ်ပဲ အဖြေစာအုပ်ကို ယူကြည့်တယ်။
YOU ARE READING
Sunny Side Up ||Completed||