တက္ကသိုလ်ဝင်စာမေးပွဲ မဖြေခင် ရက်အနည်းငယ်မှာ မိုးရွာတယ်။ အဲ့နှစ်ရက်မှာ ရာသီဥတုက အရမ်းကို အေးနေခဲ့ပြီး ပုရစ်အော်သံတွေ မကြားရဘူး။
ရှောင်းကျန့်က သူ့ကို စာမေးပွဲခန်းပေါက်ဝ ခေါ်သွားပေးတယ်။ ကျောင်းတံခါးက ပိတ်ထားဆဲဖြစ်ပြီး ဝင်ခွင့်မပြုသေးဘူး။ ဝမ်ရိပေါ်ရဲ့သူငယ်ချင်းတွေက ဟေးလားဝါးလား ပျော်နေကြတယ်။ သူတို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲဆိုတာ ရိုးရိုးစာမေးပွဲနဲ့မခြား အတူတူပဲ။ သူတို့က ဝမ်ရိပေါ်ကို ဆော့ဖို လှမ်းခေါ်တယ်။ ဝမ်ရိပေါ်က လျစ်လျူရှုထားတယ်။ ရှောင်းကျန့်ဘေးမှာ ရပ်နေရင်း ကျောင်းသားတွေကို စာမေးပွဲ ကောင်းကောင်းဖြေနိုင်စေဖို့ ဆုတောင်းပေးတဲ့ အနီရောင် banner အကြီးကြီးကို မျက်မှောင်ကြုတ်ကြည့်နေတယ်။
"သွားမလှုပ်နဲ့ ဝမ်ရိပေါ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လည်ပင်းအနောက်ပေါ် သူ့လက်တင်ပြီး တွန်းလိုက်တယ်။ ပြီးတော့ သူပါ အနောက်က လိုက်သွားတယ်။
"ဒီနေ့ ရာသီဥတု သာယာတယ်။ မိုးနတ်မင်းက မင်းကို ကောင်းချီးပေးပုံပဲ"
ဝမ်ရိပေါ်က ခေါင်းညိတ်တယ်။
"ဒါ ကျနော့်ရဲ့ ပထမဆုံး စာမေးပွဲလို့ ဘာလို့ ခံစားမိနေတာလဲ?"
"မင်း ဂုဏ်ယူရမှာလေ။ ဒီစာမေးပွဲကို မင်းက အရေးကြီးတယ်လို့ သတ်မှတ်ထားလို့ပေါ့"
ဝမ်ရိပေါ်က အဲ့ဒီ့နေရာမှာ မတ်တပ်ရပ်ရင်း အသက်ပြင်းပြင်း ရှိုက်တယ်။ သူ့လက်ကတော့ ရှောင်းကျန့်ရဲ့ အင်္ကျီစကို ဆွဲထားတယ်။ ရှောင်းကျန့်ရဲ့ အပေါ်ထပ်အင်္ကျီဟာ သူ ဆွဲချထားမှုကြောင့် ပခုံးတဝက် ကျနေတယ်။
ဒီကလေးနဲ့ မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့ မူကြိုကျောင်းက ကလေးတွေကြား ဘာများ ကွာခြားသေးလဲ။
"ဘာမှမပူနဲ့။ မင်း လုပ်နေကျအတိုင်းသာ လုပ်ခဲ့။ ဘာမှ မရေးနိုင်ရင် ရေးနိုင်တယ်ထင်တာ ရေးသာချခဲ့။ အဖြေမထုတ်နိုင်ရင် ခက်တဲ့ပုစ္ဆာတွေ တွက်မနေနဲ့။ တခြား မေးခွန်းအတိုလေးတွေပဲ ဖြေခဲ့"
YOU ARE READING
Sunny Side Up ||Completed||