Final

12.9K 1K 64
                                    

ဝမ်ရိပေါ်ကို ချုံချင်းမှာ အလည်လိုက်ပို့မယ်လို့ ကတိပေးထားပေမဲ့ တကယ်တမ်းတော့ ရှောင်းကျန့်မှာ အချိန်မရှိဘူး။ သူ့မှာ စနေနေ့တွေ အချိန်ပိုလုပ်ရတာမို့ တနင်္ဂနွေနေ့မှာဆို အိပ်ရာထဲပဲ ခွေနေချင်တယ်။

အခုချိန် ချုံချင်းက အရမ်းပူတယ်။ ရှောင်းကျန့်ဟာ ပြတင်းပေါက်နားမှာ မတ်တပ်ရပ်ရင်း အပြင်က တရှိန်ရှိန်တောက်နေတဲ့ ရာသီဥတုကို ငေးကြည့်နေမိတယ်။ ပြီးတာနဲ့ အိပ်ရာပေါ် ပြန်လှဲပြီး စောင်ပုံထဲ တိုးဝင်လို့ ဆက်အိပ်တယ်။

ညနေ နေအေးတဲ့အချိန်လောက်မှ သူတို့ အပြင်ထွက်ဖြစ်ကြတယ်။ ဝမ်ရိပေါ်က ငရုတ်သီးအစပ်တွေ အမြဲတမ်းစားတာများ သူ့နှုတ်ခမ်းလေးတွေတောင် ယောင်လာတဲ့အထိ။ ရှောင်းကျန့်က သူ့ကို ရယ်ပြီး ရေခဲမုန့်တွေ ဝယ်ကျွေးရတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ ဝမ်ရိပေါ် ဟိုတယ်မှာပဲ နေတယ်။ သူ့အမေက ဖုန်းခေါ်ပြီး သူငယ်ချင်း ရောက်နေရင် ခေါ်လာဖို့ ပြောတယ်။ အဲ့အချိန် ဝမ်ရိပေါ်က ဘေးမှာ လှဲရင်း ဖုန်းဆော့နေတာဖြစ်တယ်။

ဝမ်ရိပေါ် ကြားမကြား သူ မသိဘူး။ သူ တွန့်ဆုတ်စွာနဲ့ ဖြေလိုက်တယ်။

"ဟို.....အဆင်မပြေ..... ဒီအတိုင်း....."

ဖုန်းချလိုက်တာနဲ့ တပြိုင်နက် ဝမ်ရိပေါ်က အိပ်ရာပေါ်က ခုန်ထလာပြီး သူ့ကိုနမ်းတော့တယ်။

ဩဂတ်စ်လ ၅ ရက်နေ့က သောကြာနေ့ဖြစ်တယ်။ အလုပ်ဆင်းချိန်မှာ သူ ခိုးထွက်ဖို့ ပြင်တယ်။ တယောက်ယောက်ကသာ သူ့ကို အချိန်ပိုလုပ်ခိုင်းရင် သွားပြီပဲ။ ကုမ္ပဏီတံခါးကို မဖွင့်ရသေးခင်မှာ ဖုန်းဝင်လာတယ်။ ရှောင်းကျန့်မှာ ဖုန်းကို လွှင့်ပစ်မိတော့မတတ်ပဲ။ သူ အခုပဲ အလုပ်ဆင်းလာတာ။ ပြန်သာခေါ်ခံရရင် လုပ်ရမှာတွေ အများကြီးပဲ။

ဖုန်းကို ကြည့်လိုက်တဲ့အခါ သူ့သူငယ်ချင်းဆီက ဖြစ်နေတယ်။ သူတို့ ညစာအတူ စားကြဖို့ ပြောထားကြတာဖြစ်တယ်။ သူငယ်ချင်းက သူ့ဆီကို လိပ်စာပို့ပေးပြီး အမြန်လာဖို့ ခေါ်တယ်။ ရှောင်းကျန့် မလာနိုင်ကြောင်း ငြင်းလိုက်တယ်။

Sunny Side Up ||Completed||Where stories live. Discover now