- 7 -

8.4K 1K 53
                                        

ဒီနေ့မှာ ရှောင်းကျန့်တယောက် ဆရာခေါ်လို့ သွားရတယ်။ ဆရာ့မျက်နှာက မာထန်ပြီး ကြောက်ဖို့ကောင်းနေတယ်။ ဆရာက သူ့ကို စတူဒီယို သော့တောင်းတယ်။ ပြီးတော့ ပြောတယ်။ စတူဒီယိုထဲမှာ ကျောင်းသားနှစ်ယောက် မလျော်ကန်တဲ့အပြုအမူလုပ်နေတာကို ဓါတ်ပုံတွေ ထွက်လာလို့တဲ့။ စတူဒီယိုထဲ ဝင်ရင် မှတ်ပုံတင်ပြီးမှ ဝင်ရမယ်ပြောတယ်။

သူ လက်သီးကို ကျစ်ကျစ်ဆုပ်ထားရင်း ဆရာ့မျက်နှာ ဘာမှားနေလဲ အကဲခတ်တယ်။ အဲ့ဒီ့နောက် မဝံ့မရဲနဲ့ ဘယ်သူတွေလဲလို့ မေးကြည့်တဲ့အခါ ဆရာက ခေါင်းခါပြီး ကျောင်းသားသစ်တွေလို့ ပြောတယ်။ အသက်ပြည့်တာနဲ့ ဒါမျိုးတွေမှာ အရမ်းစိတ်ပါနေသူတွေတဲ့။

ဒီအဖြေစကားကို ကြားတာနဲ့ ရှောင်းကျန့်က သက်ပြင်းအရှည်ကြီးချတယ်။ ဆရာက သူ့ကို ဘာဖြစ်လို့လဲမေးတဲ့အခါ မျက်နှာကို ချက်ချင်းပြင်ပြီး မှုန်တေတေ မျက်နှာပေးနဲ့ သော့ပေးရင်း ပြောလိုက်တယ်။

"သူတို့နှစ်ယောက်အတွက် စိတ်မကောင်းလို့ပါ"

သူ ရုံးခန်းထဲက ထွက်လာတဲ့အထိ ချွေးစေးတွေ ပြန်နေတုန်းပဲ။ စတူဒီယိုထဲမှာ ဝမ်ရိပေါ်ကို နမ်းခွင့်ပြုလိုက်တာ တကယ်ကို ဆိုးတယ်။ ဒီတခေါက် ဓါတ်ပုံအရိုက်ခံလိုက်ရတာ သူတို့ မဟုတ်လို့ တော်သေးတယ်။ နို့မို့ အသက်မပြည့်သေးတဲ့ဟာလေးနဲ့ဆိုတော့ ပြဿနာက ထင်တာထက် ပိုဆိုးမှာ။

သူ ဝမ်ရိပေါ်ဆီကို စာပို့လိုက်တယ်။ နောက်ကို စတူဒီယိုသွားလို့ မရတော့ဘူးဆိုတာနဲ့ စာကြည့်တိုက်မှာပဲ သီးခံပြီး စာကြည့်ဖို့။ ဝမ်ရိပေါ်က မလုပ်ချင်ဘူး။

"အဲ့ဒါဖြင့် မင်းက ဘယ်လိုလုပ်ချင်လို့လဲ?"

"ကျနော့်အိမ် သွားမယ်လေ။ အိမ်မှာ ဘယ်သူမှ မရှိဘူး"

ရှောင်းကျန့် တိတ်ဆိတ်သွားတယ်။ သွားချင်တဲ့နေရာတွေထဲ နောက်ဆုံးမှာ ရှိနေတာ အဲ့နေရာပဲ။ ဘာတွေဖြစ်လိမ့်မလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။

"မသွားဘူး။ အလုပ်ရှုပ်တယ်"

"မရှုပ်ပါဘူး။ ညဘက် ကျနော် ကောကို လာကြိုမယ်လေ။ ပြီးတာနဲ့ ပြန်ပို့ပေးမယ်။ နာရီဝက်တောင် မကြာတဲ့ဟာ"

Sunny Side Up ||Completed||Where stories live. Discover now