ရှောင်းကျန့်အကြောင်းကို ဝမ်ရိပေါ် အင်တာနက်မှာ ရှာကြည့်တယ်။ ရှောင်းကျန့်ဟာ ကျောင်းမှာ တကယ်ကို လူသိများသူတယောက်ဖြစ်တယ်။ ပြီးတော့ အရမ်းလည်း ချောတယ်။
ဝမ်ရိပေါ် သူ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။ ဒါဟာ ပထမဆုံးအနေနဲ့ ဒီလောက်ကြည့်ကောင်းတဲ့သူကို သူ မြင်ဖူးတာပဲ။ ဘယ်လောက်ကြည့်ကောင်းထားလဲဆိုရင် သူ့လိုလူကို ချက်ချင်းကွေးသွားစေနိုင်တဲ့အထိ။
ရှောင်းကျန့်ကို သူ မမြင်ဖူးခင်တုန်းက အတန်းထဲက သူငယ်ချင်းနဲ့ လိင်တူစိတ်ဝင်စားမှုအကြောင်း ဆွေးနွေးဖူးတယ်။ အဲ့တုန်းက သူ့သူငယ်ချင်းကို မင်း ရူးနေလားလို့ အော်ပြောခဲ့တယ်။
ရှောင်းကျန့်တို့ကျောင်းရဲ့ official website ထဲကို ဝင်မွှေတဲ့အခါ ရှောင်းကျန့်ရဲ့ ID ပုံကို တွေ့လိုက်ရတယ်။ ကြည့်ကောင်းလွန်းတာများ ဓါတ်ပုံကို Retouch လုပ်ထားသလားလို့ ထင်ရတဲ့အထိ။ ဖုန်းကိုကိုင်လို့ ဓါတ်ပုံကို အနီးကပ်ဆွဲကြည့်တယ်။ အဲ့ဒီ့နောက် သူ့မျက်လုံးက တနေရာမှာ ရပ်သွားတယ်။ နှုတ်ခမ်းအောက်မှာ မှဲ့လေးတခုရှိနေတယ်။ နမ်းထားသလိုမျိုးလေး။
စောစောကတည်းကသိရင် မွေးနေ့ကို မေလ ၈ ရက်လို့ ပြောလိုက်ပါတယ်။
ဝမ်ရိပေါ် ပျော်နေတယ်။ စားပွဲပေါ်က အိမ်စာ သင်္ချာစာအုပ်ကို ကြည့်လိုက်တယ်။ ဆရာရဲ့ မေးခွန်းတွေက ခက်ပြီးရင်း ခက်လာတယ်။ သေချာပေါက် သူ နားမလည်ဘူးပေါ့။
ဖုန်းကို ဘေးမှာ ချလိုက်တယ်။ ဖုန်း Screen ပေါ်မှာ ရှောင်းကျန့်ရဲ့ပုံလေးက ရှိနေတုန်းပဲ။ သူ ဘောပင်ကိုင်လို့ သိသမျှ formula တွေနဲ့ တွက်ချထည့်လိုက်တယ်။ အဖြေမှန်မမှန်ကိုတော့ သူ မသိသေးဘူး။
ဝမ်ရိပေါ် သူ့အဖြေကို ကြည့်လိုက်တယ်။ ကျေနပ်မှုတွေအပြည့်နဲ့ ခေါင်းညိတ်တယ်။ သူ လုပ်ချင်ပြီဆိုမှတော့ မလုပ်နိုင်တာ ဘာရှိမှာလဲ?
အဖြေစာရွက်ကို ဓါတ်ပုံရိုက်ပြီး ဝီချက် moments မှာ တင်လိုက်တယ်။ hahahaha တပြွတ်ကြီးနဲ့။
ရှောင်းကျန့်က သူ့ပုံအောက်မှာ စာလာရေးတယ်။
[???]
YOU ARE READING
Sunny Side Up ||Completed||