နောက်ရက်အနည်းငယ်မှာ ရှောင်းကျန့်ဟာ ကွန်ပြူတာပါ တခါတည်းသယ်လို့ ဝမ်ရိပေါ်အိမ်ကို ကားနဲ့ ည ၇ နာရီ/ ၈နာရီလောက်ဆို ရောက်သွားတတ်တယ်။ ပြီးရင် ၁၁ နာရီ/ ၁၂ နာရီလောက်ဆို တက်စီနဲ့ ပြန်တယ်။ ဝမ်ရိပေါ်က သူ့ကို မေးတယ်။ သူ့အိမ်က ဒီလောက်ကြီးတာ ဘာလို့ ညမအိပ်တာလဲတဲ့။ ရှောင်းကျန့်မှာ အကြာကြီး သေချာစဉ်းစားပြီးတဲ့နောက် ဆိုဖာပေါ်မှာ အိပ်ဖို့ ကြံတယ်။ တော်သေးတာ ဆိုဖာက နည်းနည်းပျော့တယ်။
"ကျနော် ဘာမှမလုပ်ပါဘူးလို့ ကတိပေးထားတယ်လေ။ ဘာတွေ ကြောက်နေတာလဲ?"
ဝမ်ရိပေါ်က သူ့ကို ဆိုဖာပေါ်မှာ မအိပ်စေချင်ဘူး။ ပြီးတော့ ဒီနေရာက အိပ်တဲ့နေရာလည်း မဟုတ်ဘူးလေ။ ဘယ်လိုလို့ ကောင်းကောင်းအိပ်ပျော်မှာလဲ?
"မရဘူး"
ရှောင်းကျန့်က ခေါင်းခါတယ်။
"ငါတို့နှစ်ယောက်လုံးက အိပ်တဲ့ကိစ္စနဲ့ တွေ့ဖြစ်ကြတာလေ။ တအိပ်ရာတည်းလှဲပြီး ဘာမှမလုပ်ဘူးဆိုတာ ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား?"
"ဒီလတွေအတွင်းမှာ ဘာလို့ အဲ့လောက်အများကြီး ဂရုစိုက်နေရတာလဲ။ အထက်တန်းမပြီးသေးပဲ အိပ်နေကြတာတွေမှ အများကြီး"
"မင်းက ငါနဲ့ အထက်တန်းမပြီးသေးခင် အိပ်ချင်နေတာလေ"
ရှောင်းကျန့်က ဆိုဖာပေါ်က သူ့စာတမ်းကို ကောက်ယူပြီး ကွန်ပြူတာကို ချိုင်းကြားညှပ်တယ်။
"အစကတည်းက ဒီစည်းကမ်းက မင်းအတွက် ထုတ်ထားတာ။ မရဘူးဆို မရဘူးပဲ။ မင်း စိတ်ထဲမှာ ငါ ထိန်းထားရတာ အဆင်ပြေနေတယ်လို့များ ထင်နေတာလား"
ဝမ်ရိပေါ်က သူ့ဘေးမှာ ခဏလောက် ရပ်တယ်။ ပြီးတာနဲ့ ဘာစကားမှ မပြောပဲ သူ့အခန်းထဲ ဝင်သွားတယ်။ အခန်းထဲမှာ အသံတွေ အများကြီး ရှောင်းကျန့် ကြားလိုက်ရတယ်။ ဘာတွေ လုပ်နေမှန်းမသိ။ စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ကို ဖြိုချနေတာများလားပဲ။
ခဏလောက်အကြာမှာ ဝမ်ရိပေါ်က အခန်းထဲက ထွက်လာပြီး သူရှိရာ လျှောက်လာတယ်။ ပြီးတော့ သူ့ကို ဆိုဖာပေါ်က ဆွဲထူတယ်။
YOU ARE READING
Sunny Side Up ||Completed||