အခုချိန်လောက်ဆို ဝမ်ရိပေါ် စာမေးပွဲ ပြီးသွားလောက်ပြီလား?
ရှောင်းကျန့် နည်းနည်းစိတ်ဆိုးချင်နေတယ်။ စာမေးပွဲပြီးတာနဲ့ ဝီချက်စာလေးတစောင်လောက်ပို့ရင် သေမှာမို့လို့လား ဒီကောင်လေးက။
သူ ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ စတူဒီယိုထဲမှာ ခြေထောက်ဆန့်လိုက်ရင်း သူ့မျက်စိရှေ့က drawing board တွေကို ကြည့်နေလိုက်တယ်။ အကုန်လုံးလိုလိုက ဝမ်ရိပေါ်ပုံတွေဖြစ်တယ်။ အဲ့ပုံတွေ ဆွဲထားတုန်းက ရွှေဝါရောင်ဆံနွယ်ရှည်လေးတွေနဲ့အတူ နေရောင်ခြည်က ဖြာကျနေတယ်။ ပြီးတော့ သူ့ကို မီးသီးလေးထွန်းထားသလို ရယ်ပြနေတယ်။ တကယ်တော့ ဝမ်ရိပေါ်က အရမ်းကြည့်ကောင်းပါတယ်။ စားပွဲပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေတတ်ပြီး သူ့ကို Angel တပါးလို ပြုံးကြည့်နေတတ်တယ်။
သူ တနေကုန် စတူဒီယိုထဲမှာပဲ နေတယ်။ ဆရာခိုင်းထားတဲ့ manuscript တွေကို လတ်စသတ်ချင်လို့ ဖြစ်တယ်။ ပြီးတာနဲ့ အားလပ်ရက်ကို တောင်ပေါ်မြို့ပြန်ပြီး တင်ထားတဲ့စာတမ်းတွေ ပြန်စစ်ရမယ်။ သူက အိမ်မှာ တဦးတည်းသောသားမို့ အားလပ်ရက်တွေတိုင်း မိဘအိမ် ပြန်လေ့ရှိတယ်။
သူ နောက်နေ့ကူးတဲ့အထိ အလုပ်တွေ ရှုပ်နေခဲ့တယ်။ ပြီးသွားတဲ့ manuscript ကို သိမ်းပြီးတာနဲ့ အဆောင်ကို ပြန်ပြီး အိပ်ဖို့ပြင်တယ်။ ည ၁၂ နာရီကျော်မှာ သူ့ဖုန်းက တဒီဒီအသံမြည်လာတယ်။
ဖုန်းကိုင်ပြီး နားနားကပ်လိုက်တဲ့အခါ ကြားလိုက်ရတဲ့ ဖုန်းတဖက်က ဆူညံနေတဲ့ သီချင်းသံတွေဟာ သူ့ဦးဏှောက်ကို လှုပ်ခါလိုက်သလိုပဲ။
"မင်း ဘာတွေ ပြောနေတာလဲ? မကြားရဘူး!"
သူ ဖုန်းထဲ အော်လိုက်တာဖြစ်တယ်။
တဖက်က ပြောနေတဲ့စကားတွေ သူ တခုမှ မကြားရဘူး။ အဲ့ဒီ့နောက် ဆူညံနေတဲ့အသံတွေက တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးမှာတော့ တိတ်ဆိတ်သွားတယ်။
"အခုကြားပြီလား?"
"အင်း ကြားရပြီ"
"ကျနော့်ကို ဘာလို့ ဖုန်းမဆက်တာလဲ?"
YOU ARE READING
Sunny Side Up ||Completed||