- 2 -

11.9K 1.1K 56
                                        

ရှောင်းကျန့် အတန်းထဲမှာ စာသင်နေတယ်။ ဆရာက composition အကြောင်း ပြောနေတယ်။ အကြာကြီး စဉ်းစားပြီးတဲ့နောက်မှာတာ့ ဟိုကလေးလေးရဲ့မျက်နှာ ဘယ်လောက်နုလဲဆိုတာကို စဉ်းစားနေမိတယ်။ ရှောင်းကျန့် သက်ပြင်းချလိုက်တယ်။ ကလေးက ဘယ်လောက်ပဲ လှလှလေး ဖြစ်နေပါစေ။ အသက်မပြည့်သေးဘူး။ ဝမ်ရိပေါ်ရဲ့ မျက်နှာ ဖြူဖြူနုနုလေးကို တွေးကြည့်မိတယ်။ ကြည့်ရတာ baby fat တွေ မပျောက်သေးဘူးထင်တယ်။ နမ်းလိုက်ရရင်တော့ အရမ်းကို ဇိမ်ရှိမှာပဲ။

သူ လွယ်အိတ်ထဲက စာရွက်ပိုင်းလေးကိုထုတ်လို့ လက်နဲ့ ဖြန့်ရင်း ပဲပင်ပေါက်လို အရုပ်ဆိုးဆိုး ဂဏန်းတွေကို ကြည့်လိုက်တယ်။ သူ ဝီချက်မှာ ရှာကြည့်တဲ့အခါ နာမည်က ရိပေါ်တဲ့။ ဟုတ်ပါတယ် သူပါပဲ။ ဒါပေမဲ့ ဘာလို့ ပရိုဖိုင်ပုံက အရမ်းအရိုင်းဆန်နေရတာလဲ? ဒီကောင်လေးက မျက်နှာနှစ်ဖက်နဲ့လူလား?

သူ friend request ပို့လိုက်တယ်။ သူ ပို့လိုက်တာနဲ့တပြိုင်နက် တဖက်က လက်ခံသွားတယ်။ နာရီကို ကြည့်ကြည့်တယ်။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားအဖို့ အခုချိန်က အတန်းထဲမှာ ရှိနေရမယ့်အချိန်မဟုတ်ဘူးလား?

ဒါပေမဲ့ စဉ်းစားကြည့်တဲ့အခါ ကြည့်ရတာ လိမ္မာတဲ့ကျောင်းသား မဟုတ်လောက်ဘူးထင်တယ်။

[မင်းရဲ့မွေးနေ့က ဘယ်တော့လဲ?]

[ဩဂတ်စ်လ ၅ ရက်နေ့]

နှစ်ယောက်သား နှုတ်ဆက်ခြင်းမရှိဘူး။ စာရိုက်နေတဲ့အထိကို နှုတ်ဆက်စကား ပြောစရာမလိုဘူးလို့ ရှောင်းကျန့်ထင်နေတယ်။ ဆရာက ရှောင်းကျန့် ခေါင်းငုံ့ပြီး အကြာကြီး ဖုန်းဆော့နေတာကို မြင်သွားတယ်။ အနားလျှောက်လာပြီး စားပွဲကို ခေါက်တယ်။ ရှောင်းကျန့် ခေါင်းမော့ပြီး ဆရာကို လိမ်လိမ်မာမာ ပြုံးပြတယ်။ ဆရာက ပြုံးပြပြီး ခေါင်းညိတ်လို့ ပြန်လှည့်ထွက်သွားတယ်။

ဒါဟာ သူပဲ။

[အသက်မပြည့်သေးလည်း ကျနော်က ရပါတယ်]

နောက်ထပ် စာရောက်လာပြန်တယ်။ သူ ခေါင်းငုံ့လို့ နှုတ်ခမ်းစူလိုက်မိတယ်။ သူလည်း အသက်မပြည့်သေးတဲ့လူဆိုရင် ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ သူက ၂၃ ဖြစ်နေပြီ။ အသက်မပြည့်သေးတဲ့သူတွေနဲ့ ရည်းစားထားမိလို့ တခုခုဖြစ်ရင် ကျောင်းထိ မိဘတွေက လာရှာတာမျိုးဆို ဘယ်လိုလုပ်မလဲ။ သူ ဒါမျိုး သတင်းတွေကို အများကြီး ဖတ်ထားရတယ်။ အထူးသဖြင့် ယောက်ျားလေးနှစ်ယောက်ကြားဆိုရင်ပေါ့။

Sunny Side Up ||Completed||Where stories live. Discover now