- 4 -

9.1K 1K 19
                                        

ရှောင်းကျန့် စာကြည့်တိုက်ရှေ့မှာ ရပ်နေတယ်။ သူ ဝမ်ရိပေါ်ကို စောင့်နေတာဖြစ်တယ်။ အရင်တခေါက်တုန်းက သူ ဝမ်ရိပေါ်ကို စာပြပေးမယ့်အကြောင်း ပြောထားခဲ့တယ်။ သူ့ဆရာက သူ့ကို အပတ်စဉ် diagram တွေ ဆွဲခိုင်းနေတာနဲ့ သူ့မှာ စာပြပေးဖို့ဘက်ကို မရောက်ဖြစ်ဘူး။ ဝမ်ရိပေါ်က နေ့တိုင်း သူ့ကို မေးတယ်။ ကျန့်ကော အားပြီလား။ ကျန့်ကော ဘယ်တော့ စာပြပေးမလဲဆိုပြီး။ ရှောင်းကျန့် စာမပြန်ဖြစ်တာနဲ့ ဒီနေ့အထိ အချိန်ဆွဲထားသလို ဖြစ်သွားတော့တာပဲ။ ဝမ်ရိပေါ်က လိမ္မာတယ်။ တနေ့ကို တခေါက်ပဲ မေးပြီး ဒီ့ထက်ပို နှောင့်ယှက်တာမျိုး မလုပ်ဘူး။

သူ့မှာ ကလေးပေါက်စနဲ့ အိပ်ရဖို့အရေး အရမ်းတွေ ကြိုးစားနေရသလိုပဲ။ ကြည့်ရတာ သူ့ရဲ့ အဒေါ်နံပါတ် ၇ နဲ့ နံပါတ် ၈ တို့ရဲ့ သားသမီးတွေကို စာပြပေးလာခဲ့ရတဲ့စိတ်ကြောင့် ထင်ပါတယ်။ သူ စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆိုလိုက်တယ်။ ဝမ်ရိပေါ်က နောက်ဆုံးပဲ။ နောက်ထပ် ဘယ်ကလေးကိုမှ စာပြမပေးတော့ဘူး။

ဒီနေ့မှာ လေတိုက်တယ်။ ရှောင်းကျန့် သူ့ ကုတ်အင်္ကျီကို တင်းတင်းပတ်လိုက်တယ်။ သူ ဝမ်ရိပေါ်ကို ဖုန်းခေါ်ချင်ပေမဲ့ ဖုန်းနံပါတ် မှတ်မထားမိဘူးဖြစ်နေတယ်။ သူတို့နှစ်ယောက်ကြားမှာ ဝီချက်ကနေ စာပို့ထားတာတွေပဲ ရှိတယ်။ သူ စာပို့ကြည့်တဲ့အခါ ပြန်စာမလာဘူး။

ရှောင်းကျန့် ကြက်သီးတွေ ထသွားပြီး ခပ်တိုးတိုး ဆဲရေးလိုက်မိတယ်။ ရုတ်တရက်ကြီး ဆိုင်ကယ်တစီးက သူ့ရှေ့မှာ ထိုးရပ်လာတယ်။ ဘေးက ကောင်မလေးတွေရဲ့ အော်သံကြားတဲ့အခါ သူ့စိတ်ထဲ Idol drama တခုရဲ့ scene နဲ့ အရမ်းတူနေသလို ခံစားလိုက်ရတယ်။

ဆိုင်ကယ်ပေါ်ကလူ ဦးထုပ်ချွတ်လိုက်တဲ့အခါ သူ့ရဲ့ ရွှေဝါရောင်ဆံနွယ်တွေက ဝဲခနဲ ဖြစ်သွားပြီး နို့နှစ်ရောင် ပါးနှစ်ဖက်က ပိုတောင် ထင်းသွားတယ်။

"မင်းပြောတဲ့ ၅ မိနစ်က ဆိုင်ကယ်စီးလာတာကို ပြောတာလား?"

"ကျနော် အမြန်မောင်းမလာရဲဘူးလေ။ ကော်ဖီတွေ ဖိတ်ကုန်မှာစိုးလို့"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို Starbuck အိတ်လေး လှမ်းပေးတယ်။ ကော်ဖီတွေက နွေးနေတုန်းပဲ။ အပြင်ကို ဖိတ်နေတာမျိုး မရှိဘူး။

Sunny Side Up ||Completed||Where stories live. Discover now