တက္ကသိုလ်ဝင်စာမေးပွဲ ဖြေပြီးကတည်းက ဝမ်ရိပေါ်ဟာ သူ့သူငယ်ချင်းတွေနဲ့ တရုတ်ပြည်အနှံ့လျှောက်သွားတယ်။ ရှောင်းကျန့်က ကျောင်းကို ပြန်ပြီး သူ့ကျောင်းကိစ္စ လုပ်စရာရှိတာတွေ လုပ်တယ်။ သူတို့ ညဘက်ဆိုရင် ယန်ဇီမြစ်ဘေးမှာ ဖုန်းခေါ်ဖြစ်တယ်။
ရှောင်းကျန့်က ပန်းချီဆွဲနေရင်း ဖုန်းထဲကို ကြည့်လို့ ပြောလိုက်တယ်။ မင်း ရောက်နေတဲ့နေရာက ချုံချင်းနဲ့တူတယ်။ အချိန်ရရင် ချုံချင်းကို သွားဆိုပြီး။
"မသွားဘူး"
"ဘာလို့လဲ? ချုံချင်းက ကောင်းပါတယ်"
"ကျနော်က ချုံချင်းကို ကောနဲ့အတူ သွားချင်တာ။ သူတို့နဲ့ မဟုတ်ဘူး"
ရှောင်းကျန့်က ပြုံးတယ်။
"အင်းပါ အဲ့ဒါဆို တနေ့ကျရင် မင်းကို ခေါ်သွားပေးမယ်"
"ကျနော် နောက်တပတ်ကျရင် ပြန်လာမယ်။ သူတို့က အရှေ့မြောက်ပိုင်းသွားပြီး နှင်းလျှောစီးချင်သေးတယ်တဲ့"
ဝမ်ရိပေါ်ဟာ ယန်ဇီမြစ်ဘေးက တံတားလက်ရန်းပေါ် မှီလိုက်တယ်။ ညနေခင်း လေက တဝူးဝူးတိုက်နေပြီး သူ့ဆံပင်တွေကို လှုပ်ယမ်းနေစေတယ်။
"မိုက်လိုက်တာ"
ရှောင်းကျန့်က နှုတ်ခမ်းစူတယ်။ သူက အမြဲတမ်း နှင်းလျှောစီးချင်ခဲ့တာဖြစ်တယ်။ သူ စီးတာ အရမ်းတော်နေတာမျိုး မဟုတ်ပေမဲ့ပေါ့လေ။ သူ့မှာ အလုပ်တွေ အရမ်းရှုပ်နေခဲ့ပြီး တခါမှ မသွားဖြစ်ခဲ့ပေမဲ့ ဝမ်ရိပေါ်ကတော့ ခဏခဏ သွားဖြစ်ခဲ့တယ်။
"ကောက နေ့တိုင်း ကျောင်းမှာ ပုံတွေချည်း ဆွဲနေတာကို"
"တခြားအလုပ်ရှုပ်တာတွေလည်း ရှိပါသေးတယ်။ ပြီးတော့ အကုန်လုံးက ကျောင်းမပိတ်ခင် ပြီးအောင် လုပ်ရမှာတွေ။ မာမားက ငါ့အတွက် လေယာဉ်လက်မှတ်တောင် ဝယ်ထားပြီးသွားပြီ"
"ကောက ပိတ်ရက်ကို အိမ်ပြန်မှာလား?"
"ဒါပေါ့"
"ဘယ်တော့လဲ?"
"နောက်အပတ်"
"အဲ့ဒါဆို ကျနော် ပြန်မရောက်သေးဘူးပဲ။ ဘယ်လိုလုပ်မလဲ? ကျနော့် မွေးနေ့ကရော? ကျနော့် မွေးနေ့အတွက် ဘယ်လိုလုပ်မှာလဲလို့"
YOU ARE READING
Sunny Side Up ||Completed||