Unicode !!!
နောက်တစ်နေ့မနက် အစောပိုင်းတွင် Baekhyun တစ်ယောက် ညဝတ်အင်္ကျီဖြင့် အိမ်ပေါ်ထပ်မှ ဆင်းလာခဲ့သည်။
ထမင်းစားခန်းသို့ ဝင်ရောက်သွားပြီးနောက် အိမ်တော်ထိန်းအား ထမင်းစားခန်းသို့လာရန် အိမ်စေတစ်ယောက်ကို အမိန့်ပေးခဲ့သည်။
Baekhyun လည်း သူကိုယ်တိုင် ကော်ဖီဖျော်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ ဒီနေ့ အပြစ်သားများအတွက် အပြစ်ပေးနည်းများကို ထိုင်စဉ်းစားနေခဲ့သည်။
မကြာမီတွင် အိမ်တော်ထိန်းရောက်လာခဲ့ပြီး အတွေးလွန်နေသော သူ၏သခင်လေးကုိ ချောင်းဟက်ကာ သူရောက်ကြောင်း အသိပေးလိုက်သည်။
ထိုအခါမှ Baekhyun လည်း အတွေးလွန်နေရာမှ ပြန်သတိဝင်လာခဲ့ပြီး သူ၏ ဘေးတွင် ရှိသော အိမ်တော်ထိန်းကို အပြစ်သားများအား ခြံထဲသို့ ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
" Oh... FL ရယ် B5 ကို ဒီကို လာခိုင်းလိုက်ဦး "
" ဟုတ်ကဲ့ပါ သခင်လေး "
၅မိနစ်လောက်ကြာသောအခါ ထမင်းစားခန်းသို့ FL နှင့် B5 တို့ ဝင်ရောက်လာခဲ့သည်။ သူတို့ နှစ်ယောက်ရောက်ပြီး မကြာမီ Byun Xing လည်း ရောက်လာခဲ့သည်။
Baekhyun မှာ သူ၏ ဖခင်ဖြစ်သူကို မြင်လိုက်ရသောကြောင့် ထိုင်ခုံမှ ချက်ချင်းထလိုက်ပြီး သူ၏ဖခင် ဘေးနားသို့ အလျင်အမြန် ထသွားလိုက်သည်။
" ပါးပါး အစောကြီးပဲ ရှိသေးတာကို အိပ်သေးတာမဟုတ်ဘူး ... "
" ဟားဟား.... သားရယ် မနက်၆ခွဲ ကျော်နေပြီလေကွယ် ၊ ပါးပါးလည်း အစည်းအဝေး တက်စရာရှိတော့ စောစောထရတာပေါ့ကွ "
Byun Xing သည် သူ၏သားကို ချစ်မြတ်နိုးရသော အကြည့်ဖြင့် ညင်သာစွာ ပြောလိုက်သည်။
" အစည်းအဝေးက ဘယ်နှစ်နာရီလဲ ပါးပါး... သားလိုက်ပို့မယ်လေ ၊ မဟုတ်လည်း ကိုကို့ဆီ ကို သွားရဦးမှာ "
" 9နာရီမှပါသားရယ်.... သားလုပ်စရာရှိတာ အေးဆေးလုပ် ၊ ပါးပါး သားကို စောင့်နေမယ် ဟုတ်ပြီလား "
" မနက်စာကတော့ နန်းကြီးသုပ်လုပ်နေတယ် ပါးပါး ခဏတော့စောင့်နော် ၊ မားမားရှိတုန်းက သားကို အလိုလိုက်ချစ်ပေးခဲ့တဲ့ မနေ့က အန်တီကြီးကို သား အလုပ်ခန့်ထားတယ် "
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...