Part 4

698 75 5
                                    

Zawgyi!!!!

နောက်တစ်နေ့ မနက်ခင်းဝယ် Byun အိမ်တော်၌ သာယာသောအသံများဖြင့် စည်ကားလျက်ရှိလေသည်။

Byunအိမ်တော်ရဲ့ တစ်ဦးတည်းသော သားလေးရဲ့ မွေးနေ့မင်္ဂလာဖြစ်လေ၏။

ဧည့်သည်ပေါင်းများစွာ ကြွရောက်ချီးမြှင့်သော မွေးနေ့ပွဲဖြစ်သည့်အလျောက် အစေခံတို့မှာ မည်သည့်အမှားမျှမလုပ်မိလေအောင် သတိထားကျရလေသည်။

စီးပွားရေးလောကရဲ့ အကျော်အမော်များဖြစ်တဲ့ Park Groupရဲ့ CEOကိုယ်တိုင် တက်ရောက်မှာလို့လည်း သတင်းရထားလေ၏။

Park Groupနဲ့ Byun Groupတို့သည် ငယ်စဉ်ထဲက ရင်းနှီးလာသော မိတ်ဆွေရင်းချာများဖြစ်လေသည်။

သို့သော် သူတို့၏သားတို့မှာမူ အချင်းချင်းမမြင်ဖူးလေသောကြောင့် မသိကျလေပါ။

Park ChanYeolကိုလည်း Park Groupရဲ့ ဆက်ခံသူဆိုတာ မသိသလို Byun Baekhyunကိုလည်း Byun Group၏ဆက်ခံသူဆိုတာ မသိကျပါ။

ChanYeol စုံစမ်းထားသောအချက်အလက်များအရ Baekhyunကို Byun Group၏ဆက်ခံသူဆိုတာသိနှင့်ပြီးလေသည်။သို့သော်မိသားစုချင်း ရင်းနှီးတာကိုမသိသောကြောင့် ဒီမွေးနေ့ပွဲသို့ တက်ရောက်ရန် အကြောင်းဖန်လာတော့သည်။

"သား ဒီနေ့အဖေ့မိတ်ဆွေ Byun Groupရဲ့ တစ်ဦးတည်းသောသား Byun Baekhyunရဲ့ မွေးနေ့ပွဲကို အဖေနဲ့ အတူတူတက်ရောက်ရမယ်"

"ဗျာ....အဖေတို့က အချင်းချင်းရင်းနှီးနေကျတာပေါ့"

"အေးလေ...ငယ်ငယ်ထဲက အဖေတို့က သူငယ်ချင်းတွေဖြစိလာကျတာ ခုထိပဲ… ဘာမှားနေလို့လဲသား"

"မမှားပါဘူး…မထင်မှတ်ထားလို့ အံ့သြသွားတာ”

"အော်…ဘာမှမဖြစ်လည်း ပြီးတာပါပဲ၊ ညကျရင်လိုက်ခဲ့ရမယ်နော် ရှိတဲ့ scheduleတွေအကုန်ဖျက်ထား... သားတို့ငယ်ငယ်တုန်းက တစ်ခါပဲတွေ့ဖူးကျတာ ပြီးတော့ အဖေတို့ USကိုထွက်သွားတာ အဲ့ကြောင့် အချင်းချင်းမသိကျတာ"

"အော်…အဖေ့ကိုပြောစရာရှိလို့ ကျွန်တော် Baekhyuneeကို ချစ်လို့၊အဖေသွားတဲ့အခါကျရင် မင်္ဂလာကိစ္စအတွက် စကားလမ်းကြောင်းလေးနှိုက်ပေးဦး”

My Prînce Byun Baekhyun < Ongoing >Where stories live. Discover now