Zawgyi!!!
" Chan မင်းအဆင်သင့်ဖြစ်ရင် စထွက်လို့ ရပြီ Bladeအဖွဲ့ က ငါတို့သတင်းရထားတာမသိသေးတော့ သူတို့မရိပ်မိခင်ထဲက ထွက်ထားမှ အဆင်ပြေမယ်"
"အင်း ဒါနဲ့ Baeကို စောင့်ရှောက်ဖို့ လူလွှတ်ထားဦး"
"ငါ့ဆီသတင်းပြန်ပို့တာ မင်းကောင်လေးက သူရဲ့နေအိမ်မှာရာ မိဘတွေဆီမှာရော သက်တော်စောင့်တွေ ထပ်တိုးထားတယ်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတာလားမသိဘူး"
"ဘယ်လောက်ထိတိုးထားတာလဲ"
"၃ဆ"
"ငါတို့ဘက်က အတော်ဆုံး တိုက်ခိုက်ရေးသမား ၃ယောက်ကို Bae ရယ် သူ့မိဘနှစ်ပါးနားမှာ တစ်ယောက်ချင်းစီလွှတ်ထား သူတို့ရှိနေရက်နဲ့ Bae တစ်ခုခုဖြစ်ရင် ငါကိုယ်တိုင် သတ်မယ်"
"အေးပါကွာ ငါတို့လူရွေးပြီး အနားမှာပို့ထားလိုက်မယ် ခုတော့သွားရအောင်"
"OK"
Blade ဂိုဏ်းတည်ရှိရာ တရုတ်နိုင်ငံ ပေကျင်းမြို့ 
ဂိုဏ်းချုပ်၏တည်ရှိရာမြို့ ဖြစ်သောကြောင့် ဂိုဏ်းသားပေါင်းများစွာ ရှိလေသည်။ တကယ့်အရည်အချင်းအစစ်အမှန် တော်သည့်သူများမှာ အနည်းငယ်သာရှိ၏။သူတို့ အင်အားကြီးဂိုဏ်းတစ်ခုဖြစ်ရသည့်အကြောင်းအရင်းမှာ နည်းပညာကြောင့်သာဖြစ်သည်။ အတိုက်အခိုက်တွင် သာမန်လောက်သာဖြစ်သောကြောင့် နည်းပညာပိုင်းတွေ ပိုအားစိုက်ကာ ဂိုဏ်းကြီးများကို စိန်ခေါ်လေ့ရှိသည်။
ယခုသူတို့စိန်ခေါ်လိုက်သည့်ဂိုဏ်းမှာ Phoenixဂိုဏ်းဖြစ်လေသည်။ အမှောင်လောကတွင် ထိပ်တန်းအင်အားကြီးဂိုဏ်းဖြစ်သည်။
ခေါင်းဆောင်၃ယောက်ရှိသည့်အနက် ပထမခေါင်းဆောင်ဟုခေါ်သော Fire အား မည်သူမျှ မတွေ့ဖူးချေ ။ အလားတူ ဒုခေါင်းဆောင် tele နှင့် တတိယခေါင်းဆောင် wind တို့အားလည်း မည်သူမျှတွေ့ဖူးသည့်သူမရှိချေ ။
မည်သူမျှမတွေ့ ဖူးကျသော်လည်း သူတို့ဂိုဏ်းမှာ အတိုက်အခိုက်အပြင် နည်းပညာပိုင်းမှာရော အင်အားကြီးမားလေသည်။ ထို့အပြင် Phoenixဂိုဏ်းသည် အလွန်ရက်စက်သည်ဟု နာမည်ကြီးလေ၏။
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...