Part 13

259 29 19
                                    

Unicode !!!

"လာကိုကို အိမ်ထဲလာ ဒီမှာ ခဏထိုင်"

အိမ်ထဲရှိ ဆိုဖာတွင် အမောင်ကဲပိုအား နေရာချထားပြီးနောက် မိမိ၏ အိပ်ခန်းရှိရာသို့ တက်လာခဲ့သည်။

လိုအပ်သည့် ပတ်တီးကို လာယူကာ အောက်သို့ ပြေးဆင်းလာခဲ့သည်။

"ကိုကို လက်ပေး ဆေးလိမ်းပေးမယ်"

"အင်းအင်း ကလေး"

"သား အဖေမေးစရာရှိလို့ သားဘယ်လိုလုပ် သတိရသွားတာလဲ အဖေလည်း ဘာမှမသိရပါလား အဖေ့ကိုရော အဖေလို့ သတ်မှတ်ထားသေးလား သားရယ် သားတို့ဖြစ်တာတွေ တစ်ခုမှ မသိရတဲ့အပြင် ဘာမှလည်း လာမတိုင်ပင်ကြဘူး အဖေက သားအတွက် လူပိုသာသာပဲလား သား"

"မဟုတ်ဘူးအဖေ ကျွန်တော် တောင်"

Baekhyun စကားပြောမလို့ ရှိသေးသော် လည်း  အဖေ၏စကားကြောင့် တစ်ဝက် တစ်ပျက်ဖြစ် သွားခဲ့သည်။

"သား ကိုယ့်ကိုယ်ကို သားလို့ပဲပြော ကျွန်တော် က သူစိမ်းဆန်လွန်းတယ်"

"ဟုတ်ကဲ့"

"သားတောင် သတိရတာ မကြာသေးဘူး ဟိုတစ်ခါ သူတို့ သားကို လုပ်ကြံတာ သားခေါင်းထိပြီး ဆေးရုံမှာတစ်ပတ်လောက်တက်ရတယ်။ အဲ့တုန်းက ကိုကို က ခရီးလွန်တော့ မသိတော့ သားလည်း မပြောဖြစ်တော့ဘူး။ အဖေ့ကို
လည်း တမင်မပြောတာ မဟုတ်ပါဘူး။ "

"အဖေမသိသလိုနေမှ ပိုအဆင်ပြေမှာမလို့ သားလည်း မပြောတော့ဘူး။ ကိုယ့်ဘာသာပဲ အဲ့တုန်းက ကိစ္စတွေ လိုက်စုံစမ်းလိုက်တယ် သားအင်အားနဲ့ဆို တစ်ပတ်တောင် မကြာဘူးလေ ၂ရက်လည်းကြာတော့ အဲ့တုန်းက ကိစ္စတွေအကုန်သိရရော။ "

"အဲ့ဒါနဲ့ သားလည်း အစီအစဉ်တွေဆွဲပြီး သူတို့ဇာတ်လမ်းမှ လိုက်ကပေးလိုက်တာ ဒီနေ့မှ အကုန်ဖော်လိုက်တာ ဒါပေမယ့် သူတို့ဘက်က အင်အားတောင့်တော့ သားလည်း သတိထားနေရတာ "

" ဘယ်လို! သားကိုလုပ်ကြံနေတာ ကြာနေပြီပေါ့... အမလေး သားရယ် အဖေတောင်းပန်ပါတယ် ကွယ် မိတဆိုးလေးမလို့ သူများတွေနဲ့ တန်းတူ မိခင်မေတ္တာ လိုချင်မယ်ထင်လို့ အဖေ သူတို့ကို အိမ်ပေါ် ခေါ် တင်ခဲ့မိတာ... အခုတော့ကွာ တောက်ခ်!!! "

My Prînce Byun Baekhyun < Ongoing >Where stories live. Discover now