Unicode!!!!
Baekhyun တို့၏နေအိမ်တွင် အပြစ်ပေးနေစဥ် သူတို့နှင့် မိုင်ပေါင်းများစွာကွာဝေးသော နေရာတစ်ခုတွင် မိသားစု တစ်စုနေထိုင်လျက်ရှိသည်။
ထိုမိသားစု၏ အိမ်ထောင်ဦးစီးမှာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်းရှိသော်ငြားလည်း သူ၏မျက်နှာအသွင်အပြင်မှာ အသက်အရွယ်ဖြင့်မလိုက်ဖက်စွာ ငယ်ရွယ်သယောင်ရှိနေပြီး တော်ဝင်အရှိန်အဝါများဖြင့်လည်း လိုက်ဖက်ညီစွာရှိနေလေသည်။
သူ၏ဇနီးဖြစ်သူမှာ အသက်အရွယ်အားဖြင့် ၄၅နှစ်ရှိသော်လည်း သူမ၏မျက်နှာအသွင်အပြင်သည် ခင်ပွန်းဖြစ်သူနှင့်လိုက်ဖက်ညီစွာ ကျက်သရေရှိပြီးအလွန်ပင် အေးချမ်းလှပေသည်။
သားဖြစ်သူမှာလည်း မိဘနှစ်ပါး၏ချောမောမှု၊ တည်ကြည်အေးချမ်းစေသောအမူအရာများဖြင့် အမွေဆက်ခံလျှက်ရှိနေပြီး သူ၏ခန္ဓာကိုယ်မှလည်း တော်ဝင်ဆန်သောအရှိန်အဝါများ ထုတ်လွှင့်လျှက် ရှိနေသည်။ သို့သော် သူ့ကို ရုတ်တရက်ကြည့်လိုက်ပါက တစ်စုံတစ်ယောက်၏ မျက်နှာအသွင်ဖြင့် တူညီသယောင်ရှိနေသည်ကို အံ့အားသင့်စွာ တွေ့မြင်ရပေမည်။
ထိုကဲ့သို့သော တော်ဝင်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့်မိသားစုသည် ဧည့်ခန်းတွင် အတူတကွရှိနေကာ သူတို့၏ မျက်နှာပေါ်တွင်လည်း တည်ကြည်မှုများရှိနေကြပေသည်။ သူတို့သည် ကိစ္စတစ်ခုအား ဆွေးနွေးလျက်ရှိပြီး မျက်နှာအမူအရာများမှာလည်း တည်ကြည်သောငြားလည်း မျက်မှောင်ကြုတ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ဆွေးနွေးနေသောကိစ္စမှာ သူတို့မိသားစု၏ အထွေးဆုံးလေးဖြစ်သည့် သားငယ်လေး၏ အကြောင်းဖြစ်နေသောကြောင့်ဖြစ်ပေသည်။
" ဖခမည်းတော်... သားတော် အထွေးလေးသတင်းကြားခဲ့ရတယ်။ အထွေးလေးကို သူတို့တွေ သားတော်တို့ ဆုံးသွားပြီဆိုပြီး အယုံသွင်းထားကြတယ်။ အထွေးလေးကလည်း ယုံနေတော့ သူတို့နိုင်ကွက်ရသလိုဖြစ်နေတယ်။ သားတော််တော့ အထွေးလေးကို အရမ်းစိတ်ပူနေပြီ.... "
" မဟုတ်မှ သူတို့၂ယောက်လား သားတော်? "
" ဟုတ်တယ် ဖခမည်းတော်... အထွေးလေးကို သူတို့စိတ်ကြိုက်ပုံသွင်းထားကြတာ ခမည်းတော်ရဲ့။ သားတော်တို့ရဲ့ စိတ်ထားဖြူစင်တဲ့အထွေးလေးကလေ အခုတော့ အင်အားအကြီးဆုံး အမှောင်လောကသားတစ်ယောက်ဖြစ်နေပြီ။ သားတော်ရင်တွေနာလိုက်တာ ခမည်းတော်ရယ် "
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...