Part 2

1K 121 2
                                    

Unicode

"ခေါင်းဆောင် Blade အဖွဲ့ရဲ့ အဖွဲ့သားတစ်ချို့ကို နယ်စပ်မှာတွေ့လို့ အရက်စက်ဆုံး နည်းလမ်းနဲ့ သတ်ပစ်လိုက်ပါပြီ"

"အင်း လူဘယ်နှစ်ယောက်လဲ"

"အယောက် ၃၀ပါ ခေါင်းဆောင် "

"အင်း မဆိုးဘူး တော်တယ် လက်အောက်ခံအဖွဲ့သားတွေကို ဆုချလိုက် "

"ဟုတ်ကဲ့ခေါင်းဆောင် ဟို...ခိုင်းစရာရှိသေးလား ခေါင်းဆောင် "

"မရှိတော့ဘူး သွားနားလို့ရပြီ "

"ဟုတ်ကဲ့ခေါင်းဆောင် "

နောက်တစ်နေ့ မနက်ခင်း ၅ နာရီခန့်လောက်တွင် Chanနိုးလာခဲ့လေသည် အကြောင်းအရင်းကတော့ ငယ်ဘဝရဲ့ အတိတ်ဆိုးတစ်ခုကြောင့်ပေါ့

သူအသက် ၅နှစ်သားလောက်တွင် သူ့အရှေ့မှာပဲ သူ့မိဘတွေကို သတ်ခဲ့တာကိုမြင်တွေ့ခဲ့ရလေသည် ။သူ့ကိုကာကွယ်ရင်း သူ့မိဘတွေဆုံးရှုံးခဲ့ရသည်ကို ခေါင်းထဲ စွဲလမ်းနေမိအောင်လူဆိုးက ခေါင်းထဲရိုက်သွင်းခဲ့လေသည် ။ညဘက်ဆို အိပ်မက်ဆိုးကြောင့် အိပ်မပျော်တဲ့ရောဂါပါရလာခဲ့သည် ။တစ်နေ့ကို ၃နာရီနဲ့ ၅နာရီကြား အလွန်ဆုံးပဲ အိပ်ပျော်လာခဲ့တာ ကုထုံးကုနည်းနဲ့ရော သောက်ဆေးအကူအညီရယူခဲ့လို့ဒီလောက်အချိန်ထိ အိပ်ပျော်နိုင်ခဲ့လေသည် ။

ခုလက်ရှိ Park gpတောင် သူ့အဖိုး(Park Suho)နဲ့ သူ့ဦးလေး(Park Chen) ဦးစီးနေလို့သာတော်တော့သည် ။သူအိပ်မရတဲ့သတင်းသာ ထွက်ကြည့် ဂိုဏ်းလောကသာမက စီးပွားရေးလောကမှာသာ ပွက်လောရိုက်တော့မှာ အမှန်မုချသေချာလေသည် ။

တစ်ဖက်တွင် ကောင်လေးတစ်ယောက် အိပ်မက်ဆိုးကြောင့် အိပ်မပျော်သလောက် တစ်ဖက်တွင်တော့ ဆင်တက်နင်းရင်တောင် မနိုးမယ့် ကောင်လေးတစ်ယောက်လည်းရှိလေသည် ။

Chanလည်းအိပ်မပျော်တာနဲ့ပဲ လေ့ကျင့်ခန်းလုပ်နေသည်

လေ့ကျင့်ခန်းလုပ်နေတုန်း Kai နဲ့ Sehun ရောက်လာခဲ့ကြောင်းသတင်းလာပို့တော့ သူတို့ကိုသာ စောင့်နေတော့သည်

"ဟေ့ကောင် အိပ်မပျော်ပြန်ဘူးလား"

"အေး ၅နာရီလောက်ကြီး လန့်နိုးလာလို့ ထပ်မအိပ်တော့တာ "

My Prînce Byun Baekhyun < Ongoing >Where stories live. Discover now