Zawgyi!!
At Airport in Seoul
တရုတ်နိုင်ငံမှ စီးလာသော Flightသည် မနက် ၆နာရီတွင် ဆိုက်ရောက်လေသည်။
ရောက်ရောက်ချင်း Park Chan Yeol တစ်ယောက် ကျန်တဲ့၂ယောက် ကို မစောင့်တော့ဘဲ ကားဆီသို့ပြေးသွားလေသည်။
သူ့ကလေးအား လွမ်းနေသည့်အတွက် ပြေးသွားသည်ကို Kai ရော Sehun ရောသိသော ကြောင့် မိုးမွှန်အောင် ဆဲနေကြသည်။
ဆဲလည်းဆဲချင်စရာပေ။ သူ၏အထုတ်များကို မယူဘဲ ကားဆီသို့ ပြေးသွားသည့် အတွက်ဖြစ် သည်။
Kai နဲ့ Sehun နားတွင် J4 ရှိနေသည်။ Sehun က J4ကို ခေါ်လိုက်၏။
"J4 ငါ့ကို တစ်ခုစုံစမ်းပေး"
"ဟုတ်ကဲ့ Wind"
"Phoenixရဲ့ ကောင်လေးကို သိတယ်မလား"
"သိပါတယ်"
"အေး သူ့သူငယ်ချင်း၂ယောက်ထဲက သမင်မျက်လုံးလေးနဲ့ Luhan ဆိုတဲ့ တစ်ယောက် အကြောင်း စုံစမ်းပေးထား ပြီးတော့ သူ့နားမှာ သက်တော်စောင့်တွေ ထားထား သူမသိစေနဲ့ "
"သက်တော်စောင့်က ဂိုဏ်းသားတွေပဲ သုံးရမလား Wind"
"အေး Batch 7ထဲက အတော်ဆုံး ၅ယောက် ရွေးလိုက် ပြီးရင် သူလုပ်သမျှကို ငါ့ဆီ အစီရင်ခံစာ လာတင်လို့ ပြောထား"
"ဟုတ်ကဲ့"
"ပြီးတော့ သူတို့ရှိနေရက်နဲ့ သူတစ်ခုခုဖြစ်ရင် အသေပဲလို့ ပြောထား"
"နားလည်ပါပြီ "
"အထုတ်တွေ ယူလာပြီး ဂိုဏ်းကို ပြန်တော့ ငါတို့ သွားစရာလေးရှိတယ်"
"ဟုတ်ကဲ့ Wind"
"Kai သွားမယ်"
"အော် ငါ့ကို သတိရနေသေးလို့ တော်သေးတာပေါ့ ဘယ့်နှယ့်ကွာ သူငယ်ချင်း၃ယောက်မှာ ၂ယောက်က လင်တွေကို သဲသဲလှုပ်နေတယ်
မင်းတို့ဘေးမှာ ငါရှိနေသေးတာရော သိသေးလား""မင်းကလည်းကွာ စိတ်မဆိုးပါနဲ့ စိတ်ပူလို့ပါ Chicken ဝယ်ကျွေးမယ်လေ"
"အေးပြီးတာပဲ"
"လာလာ သွားမယ်"
"ဘယ်သွားမလို့တုန်း"
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...