<Zawgyi>
ChanYeol တစ်ယောက် ပွဲကိုရောက်တော့ သူ့မင်းသားလေးကိုရှာနေလေသည်။
'ဟင်း…မင်းသားလေးကလည်း မလာသေးဘူးလားကွာ'
Chan Yeol ကတော့ သူ့မင်းသားလေးကိုရှာနေသလောက် သူ့မင်းသားလေးမှာတော့ အိပ်ခန်းထဲမှာ ပြင်ဆင်နေတုန်းဖြစ်နေလေသည်။
မိဘတွေခေါ်ပြောပြီး မှန်ထဲပြန်ကြည့်နေတာ ဘယ်နှခေါက်မှန်းတင်မသိတော့ပေ။ အလွန်မှန်
ကြိုက်ပေသော အမောင်Byun Baek Hyunဖြစ်ပေသည်။ပြင်လို့ဆင်လို့ပြီးသောအခါဝယ် အောက်ထပ်သို့ဆင်းလာလေသည်။ မဆင်းလာလို့လည်းမဖြစ်။တော်ကြာ မာတာဖခင်ကြီးဆီက အဆူစကားတွေ ကြားရတော့မှာမလို့ ဆင်းလာရလေပြီ။
မွေးနေ့ ရှင် အမောင် Baekလေးဆင်းလာတာမြင်တော့ အိမ်တော်ထိန်းမှာ သခင်ကြီးဆီသို့ သတင်းပို့နေလေသည်။
"ဟော…ပါးပါးသားလေး ဆင်းလာပြီပဲ…လာဦးသား ပါးပါးမိတ်ဆက်ပေးမလို့"
"ဟုတ်ပါးပါး"
"ဒါက Park Groupရဲ့ CEOပဲ သား Park Chen တဲ့ ဘေးကတော့ Park Groupရဲ့ ဆက်ခံသူ Park Chan Yeolတဲ့"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
"အင်းအင်း Baekလေးကချစ်စရာလေးပဲ သားမက်တောင် တော်ချင်လာပြီ"
"ဟားဟား…ဦးကတော့ နောက်ပြီဗျာ။ ပါးပါးနဲ့ စကားပြောလိုက်ပါဦးနော်။ ကျွန်တော့်သူငယ်ချင်းတွေလာလို့ သွားဧည့်ခံ လိုက်ဦးမယ်"
"အေးအေး…နောက်မှတွေ့ကျတာပေါ့"
"သားChan Yeolလည်း လိုက်ချင်လိုက်သွားလေ လူငယ်ချင်းရင်းနှီးမှုယူထားဦး"
"ဟုတ် အဲ့ဆို သားရဲ့ ကလေးနောက် လိုက်သွားလိုက်ဦးမယ်"
"အေးအေး…ဂရုစိုက်သွားဦး"
"ကဲအကိုရေ စီးပွားရေးတွေ ခဏထားဦး…ကလေးတွေအကြောင်းဆွေးနွှေးရအောင်။ ကျွန်တော်ကတော့ Chanလေးနဲ့ဆို ဘာမှပြောစရာမရှိပါဘူး"
"အဲ့ဒါ သတင်းကောင်းပဲ…အဖေသာသိရင်ချက်ချင်းတန်းလာပြီး သူ့မြေးအတွက် မင်္ဂလာတန်းဆောင်ပေးလောက်တယ်"
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...