* ငယ်ကအခုမှ တက်သစ်စစာရေးသူတစ်ယောက်မလို့ ရေးရတာအားရှိအောင် cmt နဲ့ vote လေးတွေပေးကြပါဦးနော် 🥺 နောက်ပြီးတော့ စာလုံးအမှားတွေရှိရင် ပြင်လို့ရအောင် အမှန်လေးရေးပေးထားပါနော် ဟီး ဒါလေးတော့ အကူအညီတောင်းပါတယ်နော် ဒီတစ်ခေါက်တော့ ပြောထားတဲ့အတိုင်း ရှည်ရှည်လေးရေးပေးထားပါတယ်ဗျ 😚🫶🖤
🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐🪐
Unicode!!!!
နောက်တစ်နေ့မနက်ခင်းအစောပိုင်းတွေ Park စံအိမ်တော်ရှိ အပြင်ဘက်တွင် မိုးသောက်ယံသာရှိသေးသော်လည်း မိုးများရွာသွန်းထားသောကြောင့် မြူများအုံ့ဆိုင်းလျက်ရှိပြီး အိမ်တွင်စိုက်ပျိုးထားသောပန်းပင်များသည်လည်း အစွမ်းကုန်ပွင့်ဖူးလျက်ရှိကြသည်။
အပြင်ဘက်တွင် လှပနေသောလည်း အိမ်ထဲတွင်မူ ကြောက်ရွံမှုများဖြင့်ပြည့်နှက်လျက်ရှိကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်နေရသည်မှာလည်း အကြောင်းပြချက်ရှိသည်။
မနေ့ည သန်းခေါင်ယံအချိန်တွင် အိမ်စေယောင်ဆောင်ထားသော လူတစ်ချို့သည် စံအိမ်တော်၏သခင်လေးဖြစ်သော Park Chan Yeol အား လုပ်ကြံရန် အမှောင်ထဲတွင် စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း အချိန်အကြာကြီး မစောင့်ဆိုင်းလိုက်ရပေ။
ခဏအကြာတွင် ခြံထဲ၌ ကားစက်ရပ်လိုက်သည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ ကွယ်ဝှက်ထားသော ဓါးမြှောင်များကို ဆွဲထုတ်ကာ အမှောင်ထဲတွင် အသင့်စောင့်နေကြသည်။
ထိုအချိန်အိမ်ထဲသို့ Park Chan Yeol တစ်ယောက် ပျော်ရွှင်နေသောမျက်နှာဖြင့် ဝင်ရောက်လာခဲ့သည်။ အသင့်စောင့်နေကြသော လုပ်ကြံသူများသည်လည်း ချက်ချင်းတွင် ဓါးမြှောင်ဖြင့် တိုက်ခိုက်လိုက်သည်။
လုပ်ကြံသူများကိုတွေ့လိုက်သည့်အချိန်တွင် ပြုံးနေသော မျက်နှာသည် ချက်ချင်းပင်တည်သွားပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် လုပ်ကြံသူများကို ကြည့်လိုက်လေသည်။ ထို့နောက် ၁၀ယောက် ၁ယောက် ဧည့်ခန်းထဲတွင် တိုက်ခိုက်လျက်ရှိကြသည်။
YOU ARE READING
My Prînce Byun Baekhyun < Ongoing >
RomanceMain Parts 30 Parts Extra Parts 3 Parts Total 33 Parts BAEKHYUN - " ကလေးကို ချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကိုကို " CHANYEOL - " ကိုကို့ကို ချစ်ပေးရမှာ ကလေးတာဝန် ကလေးကို အလိုလိုက်ပေးရမှာ ကိုကို့တာဝန်ပါဗျာ " ယခုမိမိရေးသားနေသောဇာတ်လမ်းသည် မ...